Unicode
ရှောင်းကျန့်တဲ့..။ သိပ်လှသလောက် သိပ်ပြီးလည်းရက်စက်တတ်တဲ့နှလုံးသားမဲ့တဲ့ဖြစ်တည်မှု။ သွေးသံရဲရဲကြားက သူအကူအညီတောင်းနေတာတောင် တစ်ချက်လှည့်မကြည့်ပဲ တာဝန်ယူမှုမရှိထွက်ပြေးသွားခဲ့တဲ့သူ။ ဒီလောက်နဲ့မှမလုံလောက်သေးပုံရတဲ့ထိုလူက ကားတိုက်မှုဖြစ်ပြီးနောက်တစ်နေ့မှာပဲ အစအနမရှိပျောက်သွားပါသတဲ့လေ။
အက်စီးဒန့်ဖြစ်ထားတဲ့ဒဏ်တွေကြောင့် သူဆေးရုံမှာပြန်နိုးလာတဲ့အချိန်က အဘွားရဲ့ရက်လည်ပင်ပြီးသွားခဲ့ပြီ။ မားတို့ရဲ့ပြောစကားအရ ကားနဲ့တိုက်တဲ့တရားခံကို ရဲစခန်းမှာထိန်းသိမ်းထားတယ်ဆိုတာမို့ သူသတိရရချင်းနေ့မှာတင် သွားကြည့်ခဲ့သည်။ တစ်ချိန်က သူချစ်ခဲ့တဲ့သူတစ်ဖြစ်လည်း သူတို့မြေးအဘွားကိုကားနဲ့တိုက်ပြီး တာဝန်ယူမှုမရှိ သတ္တိမရှိစွာထွက်ပြေးသွားတဲ့လူရဲ့မျက်နှာကို တည့်တည့်ကြည့်ပြီး သွားရတဲ့အကြောင်းအရင်းကိုမေးချင်သည်။
သူ့ကိုဘယ်လောက်ပဲမုန်းနေပါစေ အပြစ်မရှိတဲ့အဘွားကို သွေးအိုင်ထဲမှာရက်ရက်စက်စက်ပစ်ထားခဲ့တဲ့ ရှောင်းကျန့်ကို သူ့လုပ်ရပ်တွေနဲ့တန်အောင်ပြောဆိုပြီး သူ့ရှေ့မှာဒူးထောက်တောင်းပန်ခိုင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရဲစခန်းကိုသွားနေတဲ့လမ်းတစ်လျှောက်လုံး ရှောင်းကျန့်နဲ့တွေ့ရင်ပြောမယ့်စကားတွေကို စီတန်းသွားမိသည်။ သို့သော် သူကြိုပြီးစဥ်းစားထားတာတွေက ခေါင်းရှုပ်ရုံသက်သက်သာဖြစ်ကြောင်း ရဲစခန်းရောက်တော့မှသိရသည်။ ရှောင်းကျန့်သည် သူ့အားအချိန်တိုအတွင်းမှာတင် အမျိုးစုံသောနာကျင်မှုမျိုးကိုပေးစွမ်းနိူင်သူဖြစ်သည်။
သံတိုင်နောက်မှာရပ်ရင်း ကြောက်ကြောက်လန့်လန့်ဖြင့်သူ့ကိုကြည့်နေတဲ့ တရားခံဆိုသူကိုကြည့်ရင်း သူဒေါသတကြီးဖြင့် သံတိုင်တွေကြားမှပင် ထိုလူ့ရဲ့အကျီရင်ဘတ်ကိုဆွဲစုပ်လိုက်ရင်း
"ဘယ်မှာလဲ... ရှောင်းကျန့်ကို မင်းတို့ဘယ်မှာသွားဖွက်ထားလိုက်လဲ။ ငါ့ကိုပြောစမ်း.. သူအခုဘယ်မှာလဲ"
သူ့ရဲ့ဒေါသတကြီးအပြုအမူတွေကြောင့် ဘေးကတာဝန်ရှိသူတွေဝိုင်းအုံရောက်လာကြပြီး သူ့ကိုချုပ်ထားသလို တရားခံဆိုတဲ့ကောင်ကိုလည်း သူ့မျက်စိရှေ့ကနေခေါ်သွားကြလေသည်။ သူတို့ကားကိုတိုက်တဲ့သူက ရှောင်းကျန့်ဆိုတာကို ဘယ်သူကမှမယုံ။ မယုံဆို အဲ့ဒီနေ့က သူတို့ကိုဝင်တိုက်တဲ့ကားက ရှောင်းကျန့်ရဲ့ကားမှန်ပေမယ့် ကားမောင်းတဲ့သူကရှောင်းကျန့်မဟုတ်ပဲ သူတို့အိမ်ကဒရိုင်ဘာကောင်လေးသာဖြစ်တဲ့အကြောင်းကို ရှောင်းအိမ်တော်ကသက်သေအပြည့်အစုံနဲ့ တင်လျှောက်ထားတာကိုး။
YOU ARE READING
𝑇𝑜 𝐷𝑒𝑎𝑟 𝑌𝑜𝑢