𝐶ℎ𝑎𝑝𝑡𝑒𝑟 𝐸𝑖𝑔ℎ𝑡

205 22 8
                                    

Unicode

"ဝမ်ရိပေါ်မရှိဘူး ဟုတ်လား"

အံ့သြမှုကြောင့် သူ့အသံကကျယ်မလိုဖြစ်သွားတာမို့ ဘေးပတ်ဝန်းကျင်ကိုအားတုံ့အားနာဖြင့်လှမ်းကြည့်လိုက်မိသည်။ ပြီးမှ သူ့ရှေ့ကသူနာပြုဆရာမဘက်ပြန်လှည့်လို့ အသံခပ်အုပ်အုပ်ဖြင့်

"ဝမ်ရိပေါ်က အခုချိန်ထိဒီဆေးရုံမှာဆေးကုသမှုခံယူနေဆဲလူနာမဟုတ်လား။ သူကဘယ်ကိုထွက်သွားရတာလဲ"

"ဟို အဲ့တာက... ဒေါက်တာကျင်းရုံကခေါ်သွားတာဆိုတော့ ကျွန်မတို့လည်း.."

ရပြီ...။ ဒီလောက်ဆို သူနားလည်ဖို့လုံလောက်ပြီဖြစ်သည်။ ရှောင်းကျန့်သူနာပြုဆရာမလေးကို ကျေးဇူးတင်စကားပြောပြီးတာနဲ့ ဆေးရုံအပြင်ဖက်ကိုအလျင်အမြန်ပြေးထွက်လာမိသည်။ သူဒီနေ့ဆိုင်ကယ်ယူလာမိလို့တော်သေးသည်။ ဆိုင်ကယ်စက်နှိုးနေရင်း လက်တစ်ဖက်ကလည်း ကျင်းရုံရဲ့ဖုန်းနံပါတ်ကိုအဆတ်မပြတ်ခေါ်ဆိုနေမိသည်။ အချိန်အတော်ကြာအောင် ခေါ်ဆိုနေပြီးမှတစ်ဖက်ကိုဖုန်းဝင်သွားတာနဲ့ သူဒေါသတကြီးဖြင့်

"မင်း မောင့်ကိုဘယ်ခေါ်သွားတာလဲ"

သူ့အရှေ့မှာ အရင်လိုတောင်အိန္ဒြေမဆည်နိူင်ပဲ မောင်ဆိုတဲ့နာမ်စားကို ရဲရဲဝင့်ဝင့်သုံးစွဲလာတဲ့ရှောင်းကျန့်ကြောင့် ကျင်းရုံအောင့်သက်သက်ပြုံးလိုက်မိသည်။

"ငါသူနဲ့ခဏတဖြုတ်စကားပြောရုံတင်ပါ။ မင်းအဲ့လောက်လည်းစိတ်ပူမနေပါနဲ့"

ခနဲ့တဲ့တဲ့ပြောလာတဲ့ကျင်းရုံရဲ့စကားတွေက ရှောင်းကျန့်ရဲ့အပူမီးကိုပိုပြီးကြီးထွားလာစေသည်။ သူသိသည်။ ကျင်းရုံက သူနဲ့ရိပေါ်ရဲ့ဆက်ဆံရေးမှာ ကြားဝင်တော့မယ်ဆိုတာ။ ရှောင်းကျန့်စကားကြောင့် မားတို့ဆီအသိပေးလို့မရမှန်းသိတော့ အပြစ်မရှိတဲ့ရိပေါ်ဆီမြှားဦးလှည့်သွားပုံရသည်။

"မင်းတို့အခုဘယ်မှာလဲ။ ငါအဲ့ဒီကိုချက်ချင်းလာခဲ့မယ်"

"ငါ့အထင်ဆေးရုံမှာပဲစောင့်နေတာပိုကောင်းလိမ့်မယ်။ ခဏနေရင် ငါတို့ပြန်လာတော့မှာပါ။ အဲ့တာဆို ဒါပဲနော် ရှောင်းကျန့် "

𝑇𝑜 𝐷𝑒𝑎𝑟 𝑌𝑜𝑢Where stories live. Discover now