𝐶ℎ𝑎𝑝𝑡𝑒𝑟 𝑆𝑖𝑥

176 26 2
                                    

Unicode

ဒီနေ့မားကသူ့ဆီလာတွေ့မယ်ပြောသည်။ ဒါဟာ သူချင်အန်းကိုရောက်တဲ့အချိန်ကစလို့ မားအနေနဲ့သူ့ဆီပထမဆုံးလာတွေ့ခြင်းဖြစ်သလို အရင်ရက်ကသူပြောတဲ့စကားတွေ​ကြောင့်လည်းပါမည်။ သူဧည့်ခန်းထဲကဆိုဖာမှာငြိမ်သက်စွာထိုင်စောင့်နေရင်း တံခါးဘဲလ်သံကြားလိုက်ရတာမို့ ဆတ်ခနဲတုန်သွားရသည်။ တံခါးကိုလျင်မြန်စွာသွားဖွင့်လိုက်ရင်း တံခါးနောက်ကထွက်ပေါ်လာတဲ့မျက်နှာကြောင့် သူပိုလို့တုန်လှုပ်သွားမိသည်။

"ဝမ် ရိ ပေါ်.."

သူပဲစိတ်ထင်လို့လားမသိ။ ဝမ်ရိပေါ်ရဲ့မျက်နှာကညိုးနွမ်းနေပြီး ပိုပြီးလည်းပိန်သွားသည်။ သူအံ့သြစွာဖြင့်ကြည့်နေတော့ ဝမ်ရိပေါ်က သူ့ကိုဆွေးဆွေးမြေ့မြေ့ငေးကြည့်ရင်း

"ကျွန်တော့်ကိုအိမ်ထဲတောင်မခေါ်ချင်တော့ဘူးလား"

ဒီတော့မှ သူလည်းပြာပြာသလဲလဲဖြင့် ခေါင်းညိမ့်ပြလိုက်မိသည်။ အိမ်ထဲရောက်တော့လည်း သူကဘာပြောရမှန်းမသိ။ ထိုင်ရမလို ထရမလိုဖြင့် ဂဏှာမငြိမ်ဖြစ်နေတဲ့သူ့ကို ဝမ်ရိပေါ်ကသတိထားမိသွားတယ်ထင်သည်။

"ကြိုပြီးမပြောပဲရောက်လာမိလို့ တောင်းပန်ပါတယ်။ ကျွန်တော်က Seanကျွန်တော့်ဆီမလာတာကြာတော့ စိတ်ပူသွားလို့ပါ"

ကြမ်းပြင်ကို စူးစိုက်ကြည့်ရင်း ပြောလာတဲ့ဝမ်ရိပေါ်ရဲ့တောင်းပန်စကားကြားတော့မှ အမူအယာပျက်နေတဲ့ကိုယ့်အဖြစ်ကိုယ်သတိထားမိသည်။

"မ.. မဟုတ်တာ။ ငါ့ကိုစိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

သူတို့နှစ်ယောက်ကြားတစ်ဖန်တိတ်ဆိတ်သွားပြန်သည်။ ဝမ်ရိပေါ်ကတစ်ချက်တစ်ချက် သူ့မျက်နှာကိုငေးနေတတ်ပေမယ့် သူကတော့အကြောင်းအရင်းမဲ့စွာဖြင့် စားပွဲပေါ်ကမဂ္ဂဇင်းမျက်နှာဖုံးကိုသာ စူးစိုက်ကြည့်နေမိသည်။ သူဝမ်ရိပေါ်နဲ့မျက်နှာချင်းဆိုင်ရမှာကြောက်သလို ဘာမှမဖြစ်ခဲ့သလိုမျိုး ပြောဆိုဆက်ဆံဖို့ကိုလည်းဝန်လေးနေမိသည်။ ဘယ်လိုပဲဝမ်ရိပေါ်ကအတိတ်မေ့နေတယ်ဆိုရင်တောင် သူကတော့ဖြစ်စဥ်အစအဆုံးအားလုံးကို သိရှိနေတယ်မဟုတ်လား။ ပြီးတော့ သူကဝမ်ရိပေါ်ဘဝကိုဖျက်ဆီးခဲ့တဲ့ကာယကံရှင်လည်း ဖြစ်နေသေးတယ်လေ။

𝑇𝑜 𝐷𝑒𝑎𝑟 𝑌𝑜𝑢Where stories live. Discover now