𝐶ℎ𝑎𝑝𝑡𝑒𝑟 𝑆𝑒𝑣𝑒𝑛

197 27 8
                                    

Unicode

အိမ်ကိုသူခိုးဝင်တဲ့ကိစ္စကို မားတို့သိရင်ပိုပြီးစိုးရိမ်နေမှာစိုးတာမို့ သူဖုံးကွယ်ထားမိသည်။ အစကတော့ ညဘက်တွေဆို သူ့စိတ်ထဲအလိုလိုကြောက်စိတ်ဝင်လာတတ်ပေမယ့်ဝမ်ရိပေါ်ကသူ့ကိုလိုလေးသေးမရှိအောင် အပြုအမူသေးသေးကစလို့ဂရုစိုက်ပေးတာမို့ ဝမ်ရိပေါ်ရဲ့ယုယမှုတွေအောက်မှာ သူ့ရဲ့စိုးရိမ်ကြောင့်ကြမှုအားလုံး တိုးလျှိုပျောက်ကွယ်သွားတော့သည်။

ထုံးစံအတိုင်းသူ့အိမ်ကို ဝမ်ရိပေါ်နဲ့အတူလမ်းလျှောက်ပြန်လာရင်း ဝမ်ရိပေါ်ကအလန့်တကြားဖြင့် ရပ်လိုက်ပြီး

"ကျွန်တော်Seanကိုလက်ဆောင်ပေးမယ့် အမွှေးဖယောင်းတိုင်တွေဆေးရုံမှာကျန်ခဲ့ပြီ"

မျက်စိမျက်နှာပျက်ယွင်းစွာဖြင့် သူ့ကိုကြည့်ရင်းပြောလာတဲ့ဝမ်ရိပေါ်ရဲ့စကားကြောင့် ရှောင်းကျန့်အစပိုင်းကြောင်နေရင်းမှ သဘောတကျဖြင့်ရယ်လိုက်မိသည်။ အိမ်ကိုသူခိုးဝင်ပြီးနောက်ပိုင်း သူညဖက်တွေအိပ်မရကြောင်း ဝမ်ရိပေါ်ကိုပြောဖူးတာကို ဝမ်ရိပေါ်ကမှတ်ထားပြီး နောက်တစ်နေ့မှာပဲ သူညဖက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့အတွက် အမွှေးဖယောင်းတိုင်တွေလက်ဆောင်ပေးမယ်ဆိုလာလေသည်။

ဝမ်ရိပေါ်ကိုယ်တိုင်က ဆေးရုံမှာပဲနေတဲ့စားတဲ့သူဖြစ်ပါလျက် ဒီလိုမျိုးစျေးကြီးပြီးရှားပါးတဲ့အမွှေးဖယောင်းတိုင်ကိုဘယ်ကရမလဲဆိုတာ သူသိချင်ခဲ့ဖူးသည်။ ဒါပေမယ့်ဝမ်ရိပေါ်ပြောတာက ဆေးရုံမှာသူနဲ့ခင်တဲ့မိတ်ဆွေတစ်ယောက် ပေကျင်းကိုအလုပ်ကိစ္စနဲ့သွားတုန်း တစ်ခါထဲမှာလိုက်တာပါတဲ့လေ။ ဝမ်ရိပေါ်ကဘယ်လိုအကြောင်းနဲ့မှ သူ့ကိုလိမ်ညာမှာမဟုတ်တဲ့အတွက် ဝမ်ရိပေါ်ပြောသမျှကိုခေါင်းညိမ့်ပြီးယုံလိုက်ဖို့က ရှောင်းကျန့်အတွက်အလွယ်ကူဆုံးတာဝန်တစ်ခုလိုပင်။

သူတို့လမ်းလျှောက်လာတာ ဆေးရုံနဲ့လည်းအနည်းငယ်လှမ်းနေပြီမို့ ဝမ်ရိပေါ်ပြန်သွားယူရင် မောနေလိမ့်မည်။ ထို့ကြောင့် အနောက်ကိုပြန်လှည့်ဖို့ပြင်နေတဲ့ ဝမ်ရိပေါ်ရဲ့လက်ကိုလှမ်းဆွဲလိုက်ရင်း

𝑇𝑜 𝐷𝑒𝑎𝑟 𝑌𝑜𝑢Where stories live. Discover now