𝐶ℎ𝑎𝑝𝑡𝑒𝑟 𝐹𝑜𝑢𝑟

423 43 6
                                    

Unicode

ကားဟွန်းတီးသံတွေရယ် အရာဝတ္ထုနှစ်ခုပြင်းပြင်းထန်ထန်တိုက်မိသံတွေရယ် ပြီးတော့ သွေးသံတရဲရဲနဲ့လူတွေ ပြီးတော့နာကျင်စွာအော်ငြီးသံတွေ အကူအညီတောင်းသံတွေ ပြီးတော့ဆေးရုံကားသံတွေ။ ပြီးတော့ သူ့ကိုကြည့်နေတဲ့အကူအညီတောင်းခံနေတဲ့မျက်ဝန်းတွေ... ဒီညလည်းရှောင်းကျန့်အိပ်မက်ကနေ လန့်ပြီးနိုးလာပြန်သည်။ နာရီကိုကြည့်လိုက်တော့ မနက်၂နာရီစွန်းစွန်းသာရှိသေးပေမယ့် သူ့မှာပြန်အိပ်ချင်စိတ်ရှိမနေ။

အခုထိ ရင်ထဲတလှပ်လှပ်နဲ့အခုန်မြန်နေတဲ့ နှလုံးခုန်သံတွေကြောင့် အိပ်ယာဘေးမှာရှိတဲ့ စားပွဲပေါ်ကရေဗူးကို လှမ်းယူရင်း အဆတ်မပြတ်မော့သောက်လိုက်မိသည်။ တုန်ရင်နေတဲ့လက်တွေကြောင့် ရေတစ်ချို့တစ်ဝက်က အကျီရင်ဘတ်ပေါ်စီးကျလာတာမို့ နောက်လက်တစ်ဖက်ဖြင့်ပါ ရေဗူးကိုထိန်းကိုင်ရင်း ရေတစ်စက်မှမကျန်တော့တဲ့အထိ မော့သောက်လိုက်မိသည်။ ရေသန့်ဗူးတစ်ဗူးလုံးကုန်သွားတာတောင် သူ့ရင်ထဲကတုန်လှုပ်မှုကမငြိမ်းနိူင်သေး။

ကုတင်ခြေရင်းမှာရှိတဲ့ အဝတ်ဗီရိုမှာရှိတဲ့ ​မှန်ထဲကနေတစ်ဆင့် မြင်နေရတဲ့မိမိပုံစံကိုပြန်ကြည့်ရင်း လိပ်ပြာမလုံသလိုခံစားနေရသည်။ အဲကွန်းအခန်းထဲမှာဖြစ်ပေမယ့် ချွေးသီးချွေးပေါက်ကျနေတဲ့အဖြစ်က စိတ်မချမ်းမြေ့ဖွယ်ကောင်းလှသည်။ စိတ်ရှုပ်ထွေးစွာ မျက်နှာကိုလက်ဖဝါးနှစ်ဖက်ဖြင့်သပ်ချလိုက်မိသည်။ အချိန်အတိုင်းအတာတစ်ခုအထိကြာသွားပြီဆိုပေမယ့် သူဒီအဖြစ်အပျက်ဆိုးကြီးထဲက ရုန်းမထွက်နိူင်သေး။ ဘယ်တော့မှလည်းရုန်းထွက်နိူင်မည်မထင်ပေ။

ပြန်အိပ်ဖို့လည်းမကြိုးစားချင်တော့တာမို့ အိပ်ယာမှထကာ ရေချိုးခန်းဆီဦးတည်လိုက်သည်။ မျက်နှာပေါ်ရေမှုန်ရေမွှားတွေ လာစင်နေသည့်တိုင် သူ့ရင်ထဲကအပူကအတောမသတ်နိူင်သေး။ ထုံးစံအတိုင်း သူ့စိတ်တွေပုံမှန်တည်ငြိမ်လာတဲ့အချိန်ကျမှ ရေချိုးခန်းထဲကထွက်လာတော့ နေရောင်ပင်ပွင့်နေပြီမို့ သက်ပြင်းတစ်ချက်ရှိုက်လိုက်မိပြန်သည်။

𝑇𝑜 𝐷𝑒𝑎𝑟 𝑌𝑜𝑢[𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now