အခန်း ၃

162 43 1
                                    

တုန်တုန်ရီရီဖြင့် ဓားကိုကိုင်ထားလျက် မျက်ရည်များက ထုန်ရှောင်းစုန့်၏မျက်လုံးများမှ တတွင်တွင်စီးကျလျက်ရှိနေသည်။ ကူကယ်ရာမဲ့စွာနှင့် စိတ်ဆုံးဖြတ်ချက်ချပြီးသည့်နောက် သူအော်ဟစ်လိုက်၏။

'' ငါ့ပိုက်ဆံတွေကို ငါ့အစ်မက အာလူးရောင်းပြီး ရထားတာ။ မင်းတို့....မင်းတို့တွေကို.....ငါ သေသွားရင်တောင်မှ ထိခွင့်မပြုနိုင်ဘူး ''

ထိုသို့ပြောပြီးနောက် ထုန်ရှောင်းစုန့် သည် အသက်ပြင်းပြင်းရှူလိုက်ပြီး အံကြိတ်လိုက်ကာ လက်ထဲက ဓားရိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။

ဒါကိုကြားတော့ ကျူးဖန့်က သူ့လက်မောင်းသူ အုပ်ကိုင်လျက် အိုးတို့အမ်းတန်းနိုင်စွာ ရယ်လိုက်၏။

'' ငါတို့က မင်းပိုက်ဆံကို ယူဖို့ မရည်ရွယ်ထားပါဘူးကွ။ ငါတို့ပြန်ပေးမယ်လို့ ပြောခဲ့သားပဲ။ ကြည့်လေ.....ငါတို့ စနေတာမှ မဟုတ်တာ ''

ပြောရင်းဆိုရင်းနှင့် သူသည် သူ့အိပ်ကပ်ထဲမှ ဆယ်ယွမ်ကို တွန့်ဆုတ်စွာ ထုတ်ပြလာခဲ့သည်။

'' ဒီမှာကြည့် အခု မင်းကို ငါ ပေးလိုက်မယ်။ ဓားကိုချလိုက်ပြီးတော့ ငါတို့အတွက် ဖယောင်းတိုင်သွားဝယ်ပေးလေ။ငါတို့တကယ်ကြီးကို ဖယောင်းတိုင် နှစ်တိုင်ပဲ လိုနေတာ။ ငါတို့ကို ကူညီပေးပါနော် ဟုတ်ပြီလား ''

ထုန်ရှောင်းစုန့် သည် အံကြိတ်ထားလျက် ထိုသူသုံးယောက်အား ကြည့်နေပြီး စိတ်ကို လျော့ချမပစ်ရဲချေ။

ကျောက်ရှန်းယိက တောင့်တင်းသော အပြုံးတစ်ခုကို အားတင်း၍ ပြုံးလိုက်ကာ ခက်ခက်ခဲခဲပြောလိုက်သည်။

'' ဓားနဲ့ရွယ်ရလောက်တဲ့အထိ ဘာကိစ္စကြီးတွေမို့လို့လဲ။ ငါပြောပါရစေဦး။ တကယ်လို့များ မင်းဓားသုံးတယ်ဆိုလို့ကတော့ ကျောင်းထုတ်ခံရမှာပဲ။ ငါတို့မင်းကို အနိုင်ကျင့်လိုပါလို့ မင်းပြောလို့ရတယ်။ ဒါဆို ငါတို့အားလုံးအတူတူ ကျောင်းထုတ်ခံရမှာပဲ။ ဘယ်သူက ဘယ်သူ့ကို ကြောက်နေရမှာလဲ။ ငါတို့သာ ကျောင်းထုတ်ခံရလိုက်ရင် နောက်တစ်ကျောင်းထပ်ရှာလိုက်လို့ရတယ်။ မင်းကရော။ မင်းမိသားစုက အရမ်းဆင်းရဲလွန်းနေတာ။ မင်းသာ ကျောင်းထုတ်ခံရလိုက်လို့ကတော့ မင်းမိသားစု ဒုက္ခရောက်သွားမှာ။ မင်း ကျောင်းအသစ်ကိုသွားဖို့တတ်နိုင်လို့လား''

ငါ့ချစ်သူက တစ္ဆေတစ်ကောင်တဲ့လား(ဘာသာပြန်)Where stories live. Discover now