အခန်း ၄

626 110 8
                                    

သူတစ်ခုတည်းသော မျှော်လင့်မိတာက ဤလူများ ကစားလို့ဝသွားပါက သူ့အား အဆောင်သို့ ပြန်ခိုင်း၍ အိပ်စက်စေဖို့ကိုပင်။ မဟုတ်၍ သူကောင်းကောင်းမွန်မွန် အနားမယူခဲ့ရပါက နောက်တစ်နေ့တွင် စာသင်ခန်းထဲ၌ နွမ်းနယ်နေပြီး အာရုံစူးစိုက်နိုင်မည် မဟုတ်တော့။ သူက ဉာဏ်မကောင်းလှလေရာ အတန်းပျက်ခြင်းက သူ့စာလေ့လာမှုကို ပျက်ပြားသွားစေမည်သာဖြစ်သည်။

လူသုံးယောက်က လူတိုင်းနားလည်သည့် အကြည့်များဖြင့် အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။

လည်ချောင်းရှင်းလျက် ကျူးဖန့်ပြောလိုက်၏။

'' ဘော့ပင်တစ္ဆေ ၊ ဘော့ပင်တစ္ဆေ ၊ မင်းလား။ မင်းဟုတ်တယ်ဆိုရင်တော့ စက်ဝိုင်းတစ်ခု ဆွဲပြပါ ''

ဘောပင်သည် ဖြည်းဖြည်းချင်းဖြင့် အလွန်အမင်းဝိုင်းစက်လှသော စက်ဝိုင်းတစ်ခုကို စာရွက်ပေါ်တွင် ရေးဆွဲလာသည်။

ကျူးဖန့်က အခြားနှစ်ယောက်ထံသို့ တိတ်တဆိတ် လက်မထောင်ပြလိုက်ပြီး ဟန်ဆောင်ပန်ဆောင် ပြောလိုက်ပြန်သည်။

''ဝိုး တကယ်ကို ဘော့ပင်တစ္ဆေပဲဟ။မင်းတို့မှာ မေးစရာရှိတယ်ဆိုရင် မေးလိုက်တော့ ''

အတန်ကြာ တွေးပြီးသည့်နောက် သူသည် ထုန်ရှောင်းစုန့် ကို ကြည့်လိုက်သည်။

''ဟေး မင်းကိုပါ အခွင့်အရေးတစ်ခုပေးမယ်၊ မင်းအရင်မေးလိုက် ''

ထုန်ရှောင်းစုန့်သည် အသာအယာရွေ့လိုက်ပြီး အသက်မဲ့စွာနှင့် ရေရွတ်လိုက်သည်။

''ဘော့ပင်တစ္ဆေ၊ ကျွန်တော် ဒီညအဆောင်ပြန်ပြီး အိပ်လို့ရနိုင်ပါ့မလား ''

သူ့လက်ရှိ ဘောပင်က စတင်ရွေ့လျားသွားပြီး 'yes'ဟူသော နေရာ၌ တူညီစွာ ဝိုင်းစက်နေသည့် စက်ဝိုင်းတစ်ခု ဆွဲလာ၏။

ကျူးဖန့်က ပြောလိုက်သည်။

''ကျစ် ဘယ်လိုမေးခွန်းမျိုးကြီးလဲ။ ဘယ်လိုတောင် ဖြုန်းတီးလိုက်သလဲလို့၊ ငါ့ကိုကြည့်၊ ဘော့ပင်တစ္ဆေ ၊ ဘော့ပင်တစ္ဆေ ကျွန်တော် ဒီလထဲ ချစ်သူတစ်ယောက် ရနိုင်ပါ့မလား ''

ငါ့ချစ်သူက တစ္ဆေတစ်ကောင်တဲ့လား(ဘာသာပြန်)Where stories live. Discover now