အခန်း ၅

566 97 4
                                    


နေရောင်ခြည်က ထုန်ရှောင်းစုန့် ၏ မျက်နှာပေါ်သို့ ကျရောင်လာချိန်၌ သူ၏ ဖူးယောင်ပြီး ခြောက်သွေ့နေသော မျက်လုံးများကို ဖွင့်လိုက်၏။

နံနက်မိုးသောက်ချိန်သို့ပင် ရောက်ရှိနေပြီပင်…….

အလျင်အမြန်ပင် ထုန်ရှောင်းစုန့် က နံရံကို ထောက်ကန်အားပြုပြီး မတ်တပ်ရပ်လိုက်၏။ 

သူအတန်းသွားတက်ရဦးမည်။

သူသည် အတန်းပျက်ဖို့မရဲပါချေ။ မဟုတ်ပါက သူ၏စာလေ့လာမှုက နှောင့်နှေးသွားပေလိမ့်မည်။

ဖယောင်းတိုင်က မီးစာအနည်းငယ်သာကျန်ရှိတော့ပြီး ဆက်လက်တောက်လောင်နေဆဲရှိသည်။ မီးလောင်မှုမဖြစ်စေဖို့အတွက် သူသည် ချဥ်းကပ်လာပြီး ဖယောင်းတိုင်ကို မှုတ်ကာ ငြိမ်းသတ်လိုက်သည်။

ပတ်ပတ်လည်ကို ကြည့်လိုက်သော် အဆောက်အအုံအဟောင်းကြီးဖြစ်သဖြင့် စာသင်ခန်းပြတင်းပေါက်များအားလုံးက တောင်ဘက်ခြမ်းကနံရံဘက်မှာသာ စီတန်းလျက်ရှိပြီး မြောက်ဘက်ခြမ်းတွင်မူ သံတံခါးမကြီးမှလွဲ၍ လေလုံနံရံကြီးတစ်ခုသာ ရှိလေသည်။

အလျော့မပေးချင်သည့်စိတ်နှင့် သူသည် တံခါးဆီသို့ လာခဲ့ပြီး အားဖြင့် တွန်းလိုက်ဆွဲလိုက်နှင့် အကြိမ်ရေအတော်များများ ခပ်ပြင်းပြင်းကန်လိုက်သည်။ 

အကယ်၍များ တံခါးကသာ မပွင့်ခဲ့ပါလျှင် အန္တရာယ်များသည်ဆိုလျှင်တောင် သူသည် တောင်ဘက်ရှိပြတင်းပေါက်အား တွယ်တက်သွားရမည်သာ။ သို့သော် ဤနေရာက သုံးထပ်မြောက်ဖြစ်နေလေရာ အတော်တော့ မြင့်မား၏……

ဂလောက်ဂလောက်မြည်သံကြောင့် ထုန်ရှောင်းစုန့် ရပ်တန့်သွားသည်။ သူသည် မယုံကြည်နိုင်ဘဲ သူ့ရှေ့ရှိ တံခါးလက်ကိုင်ကို လက်ဆန့်ကာ ဆွဲကြည့်လိုက်သည်။

တံခါးက…..ပွင့်သွားလေပြီ။

ကော်ရစ်ဒါကြမ်းပြင်ထက်တွင်တော့ အိုဟောင်းနေသော ကြမ်းတိုက်တုတ်တံတစ်ခု ကျနေပြီး ကြည့်ရတာကြမ်းတိုက်တုတ်တံဖြင့် တံခါးကို ပိတ်ထားခဲ့ခြင်း ဖြစ်နိုင်ပေသည်။

ငါ့ချစ်သူက တစ္ဆေတစ်ကောင်တဲ့လား(ဘာသာပြန်)Where stories live. Discover now