အခန်း ​၆

564 95 2
                                    

သူ့ကိုယ်သူ သန့်ရှင်းရေး လုပ်ပြီးသည့်နောက် ထုန်ရှောင်းစုန့် သည် ကုတင်က ကန့်လန့်ကာများကို ဆွဲချလိုက်ကာ သူ့ကိုယ်သူစောင်နှင့်ပတ်ပြီး ပတ်ပြီး ခြုံထားလိုက်၏။

ဘာကြောင့်များ ဘဝက အရမ်းကိုပဲ ခါးသီးလွန်းနေရပါသလဲလေ။

သူ့အစ်မက အာလူးများကို သယ်လာပြီး ရွာသားတွေ၏အတင်းအဖျင်းတွေနှင့် ရင်ဆိုင်ရသည့်အခါတုန်းကရော သူမဟာ သည်လိုခါးသီးခြင်းများကို ရင်ဆိုင်ခဲ့ရပါလေးသလား။

သူ့အစ်မတောင် မျက်ရည်မကျအောင် တောင့်ခံနိုင်ခဲ့လျှင် သူသည်လည်း လုပ်နိုင်ရမည်ပင်။

သူဘောင်းဘီထဲ သေးပေါက်ချတော့ရော ဘာဖြစ်သလဲ။

ဘာမှဖြစ်သွားသည်မဟုတ်။ ကျူးဖန့် နှင့် အခြားသူများ ရိုက်နှက်သည်ကို ခံရပြီးသည့်နောက် ကြမ်းပြင်ထက်တွင် ခွေးတစ်ကောင်လို ဝပ်ကာ တွားသွားနေတုန်းကရော လုံလုံလောက်လောက်ကြီးကို အရှက်ခွဲခံခဲ့ရတာ မဟုတ်လို့လား ။

အတန်းဖော်များက သူ့ကို ပြက်လုံးတစ်ခုကဲ့သို့ သဘောထားနေခဲ့သည်မှာ ကြာလှရှိပြီပင်။

ဘာကြောက်စရာများရှိနေသေးလို့တုန်း။

သူမကြောက်တော့။

စောင်အောက်ထဲ၌ ထုန်ရှောင်းစုန့် သည် အံကြိတ်ကာ ငိုချင်စိတ်တို့ကို ဖိနှိပ်ထားလိုက်ရင်း သူ၏မျက်လုံးတို့ကို ကျယ်ကျယ်ဖွင့်ထားလိုက်သည်။မသိလျှင် မျက်လုံးကို ကျယ်ကျယ်ဖွင့်ထားပါက မျက်ရည်တွေက ခန္ဓာကိုယ်ထဲ ပြန်ဝင်သွားနိုင်မည့်အလား။

မငိုဘူး။

သူငိုတော့မည်မဟုတ်။ သူ့အစ်မတောင် ဘယ်တော့မှ ငိုမှာမဟုတ်။

မျက်ရည်များက ပြိုစီးကျလာပြန်သည်။ ထုန်ရှောင်းစုန့်သည် ချက်ချင်းဆိုသလို စောင်ထဲ၌ သူ့မျက်နှာကို ခပ်နက်နက် မြှပ်နှံထားလိုက်သည်။ မွန်းကြပ်မှုက သူ့အား မူးဝေလာစေသော်လည်း  စိတ်သက်သာရာတော့ ရသွားမိသည်။ အနည်းဆုံးတော့ မျက်ရည်များဟာ ထပ်ကျမလာတော့ချေ။

တိတ်ဆိတ်နေသော အဆောင်ထဲ၌ နေရောင်ခြည်က ဖြာကျနေလျက်ရှိသည်။

ငါ့ချစ်သူက တစ္ဆေတစ်ကောင်တဲ့လား(ဘာသာပြန်)Where stories live. Discover now