အခန်း ၁

266 54 1
                                    

သင်သည် အခြားသောသူများကို ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံခဲ့သည်ဆိုပါက သင့်အနောက်ဘက်မှနေ၍ တစ္ဆေတစ်ကောင်က တိတ်တဆိတ်စောင့်ကြည့်နေတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

°°°°°°°°°°°°°

ဗွမ်းဟူသော အသံနှင့်အတူ ရေအေးစက်များက ထုန်ရှောင်းစုန့်၏ သွယ်လျသောခန္ဓာကိုယ်ထက်သို့ လောင်းချခံလိုက်ရပြီး သူ့အား အရိုးထဲထိတိုင်အောင် အေးစိမ့်သွားစေ၏။ အေးစက်လှသော ကြမ်းပြင်ထက် စိုရွှဲကာခွေခေါက်နေပြီး သူဟာ သူ့ကိုယ်သူခပ်တင်းတင်းလေး ဖက်ထားလိုက်မိသည်။

လူငယ်လေးသုံးယောက်ကသူ့ကို ဝန်းရံထားပြီး သူတို့၏မျက်နှာထက်တွင်မူမလိုတမာအပြုံးများ ရှိနေကြ၏။

အများသုံးသန့်စင်ခန်းထဲ၌ ပဲ့တင်ထပ်နေသောရယ်သံများကြောင့် ထုန်ရှောင်းစုန့် သည် ရေစက်များတွဲလဲခိုနေသည့် သူ့မျက်လုံးများကိုဖွင့်ဖို့ရာအတွက် မနည်းရုန်းကန်လိုက်ရသည်။ သန့်စင်ခန်းတံခါးက ဖျတ်ခနဲ ဖွင့်သွားတာကို သူမြင်လိုက်ရ၏။

သိလိုစိတ်များ၊ ထိတ်လန့်မှုများနှင့် ကြောက်ရွံ့မှုတစွန်းတစတို့ ရောယှက်နေသော များပြားလှသည့် ဘေးလူများ၏အကြည့်နှင့် သူ ဆုံလိုက်ရသည်။

တံခါးနံဘေးတွင်တော့ လူတစ်ယောက်ထက်မကရှိနေသော်ငြား အားလုံး၏မျက်နှာထက်ရေးထားသည်က စပ်စုချင်ရုံသာဖြစ်ပြီး ပြဿနာထဲ ဝင်မပါချင်ဟူ၍ပင်။

သူ့အကြည့်က သိပ်ကိုမှ စူးရှသွားပုံပင်။ အလင်းတန်းလေး တိုးဝင်ရရုံရှိသော တံခါးအက်ကွဲကြောင်းလေးက ဆတ်ခနဲ ပြန်ပိတ်သွားပြန်သည်။

'' ဟေ့ ဟေ့ ငါတို့ မင်းကို အနိုင်ကျင့်လိုက်တဲ့ပုံစံမျိုး ဟန်ဆောင်မနေစမ်းပါနဲ့ အိုခေ ''

ကျူးဖန့် က အထင်အ​မြင်သေးသည့်အသွင်နှင့် ။

'' လူတိုင်းအမြင်မှာ နစ်နာသူအဖြစ် ဟန်ဆောင်နေတာလား။ မသိရင် ငါတို့က လူဆိုးတွေပါပေါ့လေ ''

ကျောက်ရှန်းယိက သရော်၏။

'' ဒီတိုင်းစနောက်ရုံလေးပဲဟာ။ ရေတစ်ပုံးလောက်လေးက မင်းကို လေဖျန်းသွားစေမှာမို့လို့လား''

ငါ့ချစ်သူက တစ္ဆေတစ်ကောင်တဲ့လား(ဘာသာပြန်)Where stories live. Discover now