အခန်း ၇

591 110 5
                                    

ထုန်ရှောင်းစုန့်က တိတ်တဆိတ်နှင့် ခေါင်းခါပြလိုက်သည်။

ကျူးဖန့် က အသံတိုးတိုးဖြင့် 

‘’ လေးထောင့်ဂိမ်းဆိုတာက ပိတ်ပိတ်ပိန်းအောင် မှောင်မည်းနေတဲ့ အခန်းတစ်ခုထဲမှာ ဆော့ရတာ။ လူတစ်ယောက်စီတိုင်းက ထောင့်လေးထောင့်ရဲ့ တစ်ထောင့်စီမှာ ရပ်၊ နံရံဘက်ကို မျက်နှာမူထားပြီး နောက်ကို ပြန်လှည့်မကြည့်ရဘူး။ကစားပွဲမှာ ထောင့်တစ်ထောင့်က လူတစ်ယောက်က အခြားထောင့်တစ်ထောင့်စီကို နာရီလက်တံအတိုင်း လျှောက်သွားပြီး အရှေ့ကလူရဲ့ပုခုံးက ခပ်ဖွဖွပုပ်ပေးပြီးတဲ့နောက် အဲ့ဒီထောင့်မှာ နေရမယ်။ အဲ့ဒီနောက် အပုတ်ခံလိုက်ရတဲ့လူကလည်း အဲ့နည်းအတိုင်းပဲလိုက်လုပ်ပြီး တစ်ဖက်ထောင့်ကို ဆက်သွားရမယ်။ 

အဲ့ဒီစက်ဝန်းကြီးက လေးယောက်မြောက်လူက ဘာမှမရှိတဲ့ထောင့်ဘက်ကို လျှောက်သွားတဲ့အချိန်ထိ ဆက်လုပ်နေရမှာ၊ ဘယ်သူမှမရှိတော့ဘူးဆိုရင် ချောင်းဟန့်ပြလိုက်။ အဲ့တာပြီးရင် သူတို့က အခြားထောင့်တစ်ဖက်စီကို ဆက်သွားမှာ အဲ့လိုမျိုး။ ထောင့်လေးထောင့်စလုံး လှည့်ပြီးသွားတဲ့အထိတိုင်အောင်………ဘယ်သူကမှ ချောင်းမဟန့်ဘူးဆိုရင်တော့ အဲ့ဒီအချိန်မှာ………ငါးယောက်မြောက်လူ ပေါ်လာလို့ပဲ ‘’

အခြားနှစ်ယောက်က ပြတင်းပေါက်များကို ရှုပ်ပွနေသော စောင်အခင်းများနှင့် ကာလိုက်ကြပြီးသည့်နောက် အမှောက်ထုက အခန်းအား ဝါးမြိုလိုက်ပြီး အရာအားလုံးအား ပိတ်ပိတ်ပိန်းအောင် မှောင်မည်းသွားစေသည်။

ကျူးဖန့် သည် နမိတ်မရှိစွာ ရယ်မောလိုက်၏။

‘’ ထုန်ရှောင်းစုန့် ဒီတစ်ခေါက်တော့ ငါတို့က သရဲတွေကို ဖိတ်ခေါ်မှာနော်။ မင်းကြောက်နေပြီလား ‘’

ထုန်ရှောင်းစုန့် က ခပ်တိုးတိုးပြောလိုက်၏။

‘’အင်း……’’

သေချာပေါက်ပင် သူကြောက်နေ၏။ ထိုသည်မှာ သရဲကိုကြောက်၍မဟုတ်ဘဲ သူ့ရှေ့ရှိ လူသုံးယောက်ကို ကြောက်ရွံ့နေသောကြောင့်သာ။

ထိုသုံးယောက်က မည်သည့် သရဲတစ္ဆေတို့ထက်ကိုမဆို ပို၍ ကြောက်ဖို့ကောင်း၏။

ငါ့ချစ်သူက တစ္ဆေတစ်ကောင်တဲ့လား(ဘာသာပြန်)Where stories live. Discover now