အခန်း ၂

577 98 4
                                    


ထုံရှောင်းစုန့် သည် ကုရွှမ် ကို သဘောမကျပေ။အကြောင်းမူ သူပထမဆုံးအကြိမ် အနိုင်ကျင့်ခံရတာက ကုရွှမ်ကြောင့်ဖြစ်သည်။

မည်သည့်အချိန်က သူ ကုရွှမ်အား ရန်စမိသလဲမပြောတတ်ပေမဲ့ ကုရွှမ် သူ့အား အများရှေ့မှောက်၌ ချစ်ရေးဆိုလာသည့်နေ့မှစ၍ လူများက သူ့အား တစစီစုတ်ဖြဲတော့မလိုပုံနှင့် ကြည့်လာကြတာဖြစ်သည်။

တစ်ယောက်ယောက်၏ ချစ်ရေးဆိုခြင်းခံရသည်ကို ပထမဆုံးအကြိမ်ရင်ဆိုင်လိုက်ရချိန်၌ ကူကယ်ရာမဲ့ ဖြစ်ခဲ့ရသလို ထိုသူအား ငြင်းပယ်လိုက်ရသည့်အတွက် သူသည် အပြစ်ရှိစိတ်ပါဝင်မိ၏။ သို့သော်လည်း တစ်ယောက်ယောက်အား နှစ်သက်သဘောကျခြင်းဟူသည်အား သူက အမှန်ပင် နားမလည်လေရာ ကုရွှမ်နှင့်လည်း ရင်းနှီးလိုစိတ် စိုးစဥ်းမျှ မရှိပါချေ။

သူသည် စာကိုသာ လေ့လာချင်ပြီး ဤမှောင်မည်းပြီး ရှည်လျားသည့်လမ်းရှည်ကြီးကနေ သူ့မိခင်နှင့် အစ်မဖြစ်သူတို့နှင့်အတူ နေသာသည့်အရပ်သို့သာ ထွက်သွားချင်တာဖြစ်သည်။

မမျှော်လင့်ထားပါဘဲ ထိုညက အဆောင်သို့ပြန်သည့်လမ်း၌ မိန်းကလေးအချို့က သူ့အား ထောင့်ချိုးတစ်နေရာသို့ ဆွဲခေါ်သွားလေသည်။

မိန်းကလေးများ ထံတွင်သူ့ကိုနံရံထက်ဖိကပ်ထားပြီး ပြင်းထန်စွာ ပါးရိုက်ပစ်ဖို့အတွက် ထိုကဲ့သို့သော အားအင်များ အဘယ်ကြောင့် ရှိနေရသလဲဟူသည်ကို သူမသိပါချေ။

သူ့ပါးပြင်က နာကျင်မှုကြောင့် ရဲတွတ်သွားသလို အမြင်များကလည်း ဝေဝါးသွားရရင်း နံရံနံဘေး၌ ဆေးလိပ်သောက်နေသူတစ်ဦးကို မြင်တွေ့လိုက်ရသည်။

စီးကရက်၏ တလက်လက်တောက်နေသော ပယင်းရောင်မီးအကြား၌ သူသည် လူတစ်ယောက်၏မျက်နှာကို မြင်တွေ့လိုက်ရသည်။ ကုရွှမ်ပင်။

အဆုံးအစမရှိတော့ဟု ခံစားရပြီးသည့်နောက်ဆုံးတွင်တော့ ကောင်မလေးများက ရပ်တန့်လိုက်ကြသည်။ သူ့အား စကားလုံးပေါင်းမြောက်မြားစွာဖြင့် ဆဲဆိုကြိမ်းမောင်းပြီးသည့်နောက် သူတို့သည် မြူးကြွသောအသွင်နှင့် ထွက်သွားခဲ့ကြလေသည်။

ငါ့ချစ်သူက တစ္ဆေတစ်ကောင်တဲ့လား(ဘာသာပြန်)Where stories live. Discover now