အခန်း ၈

577 119 3
                                    

ကြက်သွေးရောင်အရည်များ

ဇီဝဗေဒနာရီက ထုန်ရှောင်းစုန့် အား မနက်ခြောက်နာရီအတိတွင် နှိုးလာ၏။ သူ့မျက်လုံးများကို ဖွင့်လိုက်တော့ မလဲရသေးသော အဝတ်အစားနှင့် ရှူးဖိနပ်များက သူ့ခန္ဓာကိုယ်၌ ဆက်လက်ရှိနေခြင်းကြောင့် မသက်မသာဖြစ်သလို ခံစားလိုက်ရသည်။

မနက်မိုးလင်းနေပြီဖြစ်သော်လည်း ကော်ရစ်ဒါအပြင်ဘက်တွင် အကြောင်းအရင်းမည်မည်ရရမရှိဘဲနှင့် အတော်လေး ဆူညံပွက်လောရိုက်နေတတ်သော အဆောင်က ကြောက်စရာကောင်းအောင် တိတ်ဆိတ်နေလေ၏။

မနေ့ညက အဖြစ်အပျက်ကြီးက သူ့စိတ်ထဲသို့ အလျင်အမြန် ပြန်ဝင်လာခဲ့ရာ ထုန်ရှောင်းစုန့် ၏ အသားအရည်တို့က ဖြူဖျော့သွားသည်။

မဖြစ်နိုင်တာ ။

အိပ်မက်ပဲ ဖြစ်ရမယ်။

အဲ့လိုမျိုး ကြောက်စရာကောင်းတဲ့ကိစ္စကြီးက လက်တွေ့မှာ မဖြစ်နိုင်လောက်ပါဘူး။ 

ထုန်ရှောင်းစုန့်က လိုက်ကာများကို ပြန်လည် ဆွဲတင်လိုက်ပြီး သူ့မျက်နှာချင်းဆိုင်ရှိ အပေါ်ထပ် အောက်ထပ် ကုတင်များက မနေ့ညကအတိုင်း အလွတ်ဖြစ်နေဆဲရှိသည်ကို တွေ့လိုက်ရသည်။ သူ၏အပေါ်ထပ်ကုတင်တွင်လည်း လူမရှိပါချေ။

မနေ့ညက မြင်ကွင်းက သူ့စိတ်ထဲ၌ တစ်ဖန်ထွက်ပေါ်လာပြန်ပြီး သူသည် ဖြစ်နိုင်ဖွယ်မရှိသလို ခံစားလိုက်ရသည်သာ။

ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ။

ယခင်နေ့ရက်များကလိုပင် သူသည် ဗီရိုထဲမှ သူ့ဇလုံနှင့် မျက်နှာသုတ်ပုဝါကို ထုတ်ယူလိုက်ပြီး မျက်နှာသစ်ဖို့ရန်အတွက် ပြင်ဆင်လိုက်သည်။

တံခါးကို ဖွင့်လိုက်သည်နှင့် ကျောင်းသားပေါင်းများစွာက သူ့ကို ဖြတ်ကျော်ကာ ပြေးသွားကြလေသည်။

‘’ကြောက်စရာကောင်းလိုက်တာ''

‘’ ကိုယ့်ဘာသာကိုယ် သတ်သေတာများလား ‘’

‘’ကြည့်ရတာတော့ ဟိုလိုမျိုးပုံပေါက်……..’’

ထိုစကားလုံးများက ထုန်ရှောင်းစုန့် အား ပြင်းထန်သော ထိုးချက်အလား သူ့ကိုယ်ပေါ်သို့ ပိကျလာသည်။ မသိလျှင် လေပြင်းတိုက်ခတ်သွားသည့်နှယ် သူ့အပေါ် အလေးပိဿာကြီး တင်ပေးလိုက်သည့်နှယ်ပင်။

ငါ့ချစ်သူက တစ္ဆေတစ်ကောင်တဲ့လား(ဘာသာပြန်)Where stories live. Discover now