part 2

964 93 8
                                    

"မောင် ခနနော်"

မောင်ဆိုတဲ့အသံကြားလိုက်တော့ ထိုရည်ညွှန်းရာနေရာကို ပိုးလှမ်းကြည့်မိသည်။ ဟေမာန်ပြောသည့် ထိုမိန်းကလေးပင်။

(မောင် တဲ့လား
သူတို့နှစ်ယောက်က ဘာလဲ)

မောင်အခန်းထဲလှမ်းကြည့်တော့ ပိုးသားဖြူက မောင့်ကိုလှမ်းကြည့်နေလေသည်။ မောင်တို့အကြည့်ချင်းဆုံသွားတော့ ပိုးက မျက်မှောင်ကြုတ်ကာ မျက်နှာကိုတစ်နေရာသို့လွှဲလိုက်သည်။

(လှိုင်းပြောတာ မှန်နေတာပဲ ပိုးသားဖြူက မာနခဲပဲ
ငါနဲ့ အကြည့်ချင်းဆုံတာလေးကို ရှောင်သွားသေးတယ်)

"မောင်...
မောင် သွားလို့ရပြီ"

"သြော် ဟုတ် လှိုင်း"

နှစ်ယောက်သား ကန်တင်းကိုရောက်သွားတော့

"မောင် ပိုးကိုကြည့်နေတဲ့အကြည့်က မရိုးဘူးလားလို့"

"မရိုးဘူးဟုတ်လား လှိုင်း
ဘာကို ဘယ်လို မရိုးတာတုန်း"

"ခနခန သွားစိုက်ကြည့်နေတယ်လေ
အကြည့်ကလဲ တစ်မျိုးလေးနော်
ရောက်ခါစတုန်းကလဲ ပိုးသားဖြူအကြောင်းကိုမေးတယ်
မရိုးတာတော့ မရိုးတာပါ"

"အဲ အဲ့လိုမဟုတ်ပါဘူး လှိုင်းရယ်"

မောင် မသိချင်ယောင်ဆောင်ပြီး မှာထားတဲ့ ထမင်းနဲ့ဟင်းကို ငုံ့ကာစားတော့သည်။

~~~~××××~~~~

"ဟဲ့ မာန် ထမင်းလဲစားဦး ငမ်းနေလိုက်တာဆိုတာ"

"သံဇဥ်ကလဲ ငါက ဒီတိုင်းစိတ်ဝင်စားလို့ကြည့်နေတာပါ
မငမ်းပါဘူး"

"နင့်မလဲလေ ပစ်မှတ်တစ်ခုရှိတာနဲ့အဲ့ပစ်မှတ်ပဲ
စုံစမ်းတာတွေဘာတွေရော လုပ်မှ လုပ်ထားရဲ့လား"

သူငယ်ချင်းနှစ်ယောက် တတွတ်တွတ်လုပ်နေတာကို ပိုးငြိမ်ကာနားထောင်နေသည်။

"ဒါပေါ့ ငါလေငါ မာန်မာန်ပါ
ငါနဲ့တွေ့တဲ့နေ့က ဒီကျောင်းကိုပြောင်းလာတာ
နာမည်ကလဲ အလန်းလေး လွန်းဝတီမောင် တဲ့
တို့တွေနဲ့မေဂျာတူ နှစ်တူပဲ အခန်းပဲကွာတာ
တို့အခန်းထဲက လှိုင်းနဲ့အဆောင်တူအခန်းတူတဲ့
ဟိုမှာလေ အဲ့တာကြောင့် တစ်တွဲတွဲတွေ့နေတာ"

အမုန်း၌တည်သောအချစ်Where stories live. Discover now