Part 6

2.2K 148 20
                                    

မောင့်စိတ်ကိုထိန်းချုပ်မရတာနဲ့ မာမီ့ဆီဖုန်းခေါ်လိုက်သည်။ ဖုန်းဝင်ပြီးခနကြာတော့ ဖုန်းကိုင်လာသည်။ ဖုန်းကိုင်တော့လဲ မောင်ဘယ်ကဘယ်လိုစပြောရမယ်မသိ။

~ဖုန်းခေါ်ပြီး စကားမပြောဘူးလား လွန်းဝတီမောင်

"မာမီ"

~ပြော

"ဟို... မောင်နဲ့စကားပြောချင်ရဲ့လားလို့ပါ"

~စကားမပြောချင်ရင် ဖုန်းကိုင်လိုက်မလား လွန်းဝတီမောင်
မာမီ စောင့်နေတာ
မောင်ဖုန်းခေါ်လာမဲ့အချိန်ကို စောင့်နေခဲ့တာ

"မောင်...တောင်းပန်ပါတယ် မာမီရယ်
မောင်မေမေနဲ့မာမီ့ကို လွမ်းနေတာပါ"

~တောင်းပန်တာထက်
ဘယ်တော့အိမ်ပြန်လာမလဲပဲ သိချင်တယ်

"မောင်ပြန်လာဖို့ကြိုးစားပါ့မယ်"

~မောင်ပြန်လာရင် အပြီးပြန်လာနိုင်မှပြန်လာပါ
မာမီဒီ့ထက်ပိုပြီးမပြောချင်ဘူး
ဘာကိုဆိုလိုတယ်ဆိုတာသိတယ်မှတ်လား
အခု လုပ်ချင်ရာကိုလုပ် စိတ်ကြိုက်လုပ်ပြီးမှအိမ်ကိုပြန်လာ
ပြန်လာရင်တော့ မာမီ့စိတ်တိုင်းကျပဲနေရမယ်

"မောင် အခု လက်ခံထားတဲ့ case လေးပြီးရင်
​အပြီးပြန်လာပါ့မယ် မာမီ မောင်ကတိပေးပါတယ်"

~ကောင်းပြီလေ ကတိဆိုတာပေးပြီးရင်တည်ရတယ်နော်
  မာမီမျှော်နေမယ်

"မောင် မာမီတို့ကိုချစ်တယ်နော်"

~မာမီတို့ကလဲ အရမ်းချစ်တာပါ
မောင်က မာမီတို့ရဲ့ ပိုးလုံးကလေးလေ အမြန်ပြန်လာပါ ကလေးရယ်
မောင့်မေမေ မနှင်းဆီက နေ့တိုင်းမျှော်နေတာ
အရာအားလုံးကို မာမီ​ဘေးက​နေဖြည့်ဆည်းပေးနိုင်ပေမဲ့
သူမျှော်နေတဲ့သူ့ကလေးကိုတော့ မာမီဖြည့်ဆည်းပေးလို့မရဘူး

"မောင်နားလည်ပါတယ်မာမီ ​အမြန်ဆုံးပြန်လာပါ့မယ်"

ဒေါ်အမရာမောင်နဲ့ စကားပြောလိုက်ပြီးချိန်မှာတော့ မောင့်စိတ်တွေပေါ့ပါးသွားလေသည်။

အမရာမောင်ကလဲ သူမရဲ့ချုပ်ချယ်မိတဲ့အမှားတွေကိုသိသလို လွန်းဝတီမောင်ကလဲ သူမရဲ့တဇွတ်ထိုးလုပ်ခဲ့တဲ့အပြုအမူတွေကို သိနားလည်နေပြီမို့ အစိုင်အခဲတွေကြေသွားပြီလို့ဆိုရမည်။

အမုန်း၌တည်သောအချစ်Where stories live. Discover now