"အား...ကျွတ်ကျွတ်
ဖြေးဖြေးလုပ်ပါ လှိုင်းရယ်""အယ်...မောင်ရယ် ရှင်ထိလာတာကလေ
ပုရွတ်ဆိတ်ကိုက်ထားတဲ့အနာမဟုတ်ဘူးသိရဲ့လား
ကြပ်ထုတ်ထိုးတာ အဲ့သလောက်တော့နာမှာပေါ့""ပုရွတ်ဆိတ်ကိုက်တာ မဟုတ်မှန်းတော့သိတယ်လေလှိုင်းရယ်
ဒါပေမဲ့လဲ နာတယ်"ရေချိုးလိုက်မှ ပိုလို့နာလာတဲ့ တုတ်ဒဏ်ရာကို လှိုင်းကကုသပေးနေရသည်။
"ဟင်း.. ဟိုမှာတော့ ဟီးရိုးကြီးလုပ်ခဲ့ပြီးတော့ အခုမှနော်
နာလဲခံပဲရှိတယ်"လှိုင်းက တောင့်ဖြောင့်နေတဲ့ခန္ဓာကိုယ်ကိုကြည့်ပြီး
"မောင့်ဘော်ဒီက အတော်စမတ်ကျတာပဲ
အဲ့လောက်ဖြစ်အောင် ဘယ်လိုများလုပ်ယူထားတာ""လေ့ကျင့်ခန်း လုပ်လို့လေ လှိုင်းရဲ့"
"ဟုတ်ပါပြီ ကဲ ပြန်လာမှ ထပ်ပြီးကြပ်ထုတ်ထိုးပေးမယ်
အတန်းချိန်နီးနေပြီ သွားကြရအောင် အဝတ်အစားလဲတော့""မောင် ဒီနေ့နားလိုက်တော့မယ် လှိုင်း"
"ကောင်းတယ် ကောင်းတယ်
မဟုတ်တောင် နားဖို့ ပြောမလို့တွေးနေတာ
အဲ့လိုဆို အေးဆေးတစ်ရေးလောက်အိပ်လိုက်ဦး""ဟုတ်"
တကယ်တော့ မောင်က ဦးဌေးမောင်ဆီသွားဖို့ ကြံရွယ်လိုက်ခြင်းပါ။ လှိုင်းရှေ့မှာတော့ဟန်ပြ အိပ်နေလိုက်လေသည်။
~~~~××××~~~~
တစ်ဖက်က ပိုးကတော့ မနက်ကပုံရိပ်တွေကို မြင်ယောင်နေမိပြန်သည်။ သူမအတွက်က ထိုကဲ့သို့အဖြစ်အပျက်တွေ ရှိခဲ့ဖူးလေတော့...
"ပိုး..."
စာသင်ဆောင်ကိုသွားဖို့ မာန်ခေါ်နေသည်မှာ အတော်ပင်ကြာလေပြီ
"ပိုးရေ..."
"အော်.. အင်း ....
ဘာလဲ မာန်""အတန်းချိန်ကပ်နေပြီ သွားကြမယ်လို့
မာန်လှမ်းခေါ်နေတာတော်တော်ကြာနေပြီပိုး
စိတ်တွေက မနက်ကအဖြစ်အပျက်ကိုရောက်နေတာလား""အင်း ဟုတ်တယ် မာန်"
"ပိုး လဲနော် ဘယ်အချိန်ထိအဲ့လိုနေနေဦးမှာလဲ
ပိုးရဲ့ဒယ်ဒီ သက်တော်စောင့်တွေငှားပေးတာလဲ လက်မခံခဲ့ဘူး
ခုကြည့် ပြဿနာကစလာပြီ"

YOU ARE READING
အမုန်း၌တည်သောအချစ်
Romanceဘယ်လိုအန္တရာယ်တွေ ကျရောက်ပါစေ မောင်က အသက်ပေးပြီး စောင့်ရှောက်မှာမို့ မောင့်နှလုံးသားထက်မှာ ပွင့်လန်းပါ မိန်းကလေး