Part 4

1K 98 12
                                    

အတန်းချိန်မပြီးသေးပေမဲ့ မောင် မမေဇင်ရောက်လာလို့ အတန်းပျက်ပြန်သည်။
မမေဇင်ဆိုတာက မောင့်ကိုပညာအစုံသင်ပေးတဲ့ ဆရာဉာဏ်ရဲ့သမီးပင်။ သားဖနှစ်ယောက်လုံးက မောင့်ကိုအတော်ပင်ချစ်ကြသည်။ မောင်အိမ်ပေါ်ကဆင်းလာပြီး ကိုယ့်ခြေထောက်​ပေါ်ကိုယ် စပြီးရပ်တည်ကတည်းက ထိုမိသားစုကပဲ စောင့်ရှောက်ပေးခဲ့ကြသည်။ မောင့်အတွက်တော့ အစ်မအရင်းတစ်ယောက်လိုပင်ဖြစ်နေလေပြီ။

"မရယ် တစ်ညနှစ်ညလေး အိပ်သွားပါဆိုတာကို
မောင် ဘုရားတွေ ရေတံခွန်တွေလိုက်ပို့မယ်လေ
မနက်ဖြန်လဲ ကျောင်းပိတ်တယ်လေ"

"လွန်းဝတီမောင် မကဲနဲ့
ရှင်လဲအလုပ်နဲ့ ကျွန်မလဲအလုပ်နဲ့သိရဲ့လား "

"ဟင့် ပြောရအရမ်းခက်တာ ဆရာ့သမီးလို့မပြောရဘူး
စည်းကမ်းကကြီးပါ့"

"သူ့အလိုမကျတာနဲ့ ပြောပြီ ပြောပြီ
လာ အဆောင်ပြန်မယ် လိုက်ပို့ဦး
အထုတ်ချပေးမလို့"

"ဟုတ်ပါပြီ အဖွားကြီးပေါက်စ"

"ကြည့် ဒီကလေး"

မောင်က မေဇင်တစ်ညမအိပ်လို့ ရွဲ့ကာ စနောက်နေလေသည်။

"ခနလေးစောင့် မောင့်သူငယ်ချင်းကို နှုတ်ဆက်လိုက်ဦးမယ်
တော်ကြာ ထမင်းစားဖို့လိုက်ရှာနေမှာစိုးလို့"

"ကောင်းပြီ မြန်မြန်သွား ကျွန်မစိတ်သိပ်မရှည်ဘူး"

"ဟုတ်ပါပြီ ဟုတ်ပါပြီ"

မောင်လဲ လှိုင်းတို့အတန်းကို အသွား စာသင်နေတဲ့တီချယ်ကလဲ ထွက်လာတာမို့ အတော်ပင်ဖြစ်သွားသည်။ မောင်စာသင်ခန်းထဲအမြန်ဝင်ကာ

"လှိုင်း"

"မောင် ဘာဖြစ်လို့လဲ
ထမင်းစားချိန်မရောက်သေးဘူးလေ"

"မန်းလေးက မောင့် အစ်မရောက်လာလို့လေ
အဲ့တာမောင်အဆောင်ပြန်မလို့လာပြောတာ
ထမင်းစားစောင့်နေမှာစိုးလို့"

မောင်နဲ့ လှိုင်းတို့စကားကောင်းနေသလို တစ်ဖက်ကနားစွင့်နေသည်က မာန်တို့သူငယ်ချင်းတစ်စုပင်။ ခပ်လန်းလန်းမိန်းကလေးရောက်တာ စာသင်ဆောင်ကြီးတစ်ခုလုံး ကြွတ်ကြွတ်ညံနေတာမို့ အားလုံးကသိချင်နေကြလေသည်။

အမုန်း၌တည်သောအချစ်Where stories live. Discover now