~ အား...ကျွတ် ကျွတ်
နှုတ်မှ တကျွတ်ကျွတ်မြည်အောင်အော်ကာ ပိုးတစ်ယောက်နိုးလာခဲ့သည်။
"ဘယ်ရောက်နေတာ"
ပိုးသေချာမျက်လုံးဖွင့်ကြည့်လိုက်တော့မှ ဟိုတယ်ရောက်နေတယ်ဆိုတာ သိရသည်။ ထပ်ကာသိလိုက်ရသည်က သူမဘေးတွင်အိပ်နေသည်က လွန်းဝတီမောင်ဆိုတာပင် ။ သူမတွင်ကား အဝတ်အစားများရှိမနေ စောင်လေးတစ်ထည်သာ သူမကိုယ်ပေါ်တွင်ရှိနေလေတော့။
(သေပါပြီ သေပါပြီ ပိုးသားဖြူရယ်
ညက...)ပိုး ဘာမှကို စဥ်းစားမရတော့ အခုဖြစ်နေတဲ့အဝတ်ဗလာအခြေကိုသာ ဖြေရှင်းချင်သည်။ မောင်နိုးလာလို့ ထပ်ပြီးဒီလိုပုံနဲ့ထိပ်တိုက်တွေ့ရင်လဲ ဘယ်လိုရှင်သန်ရမယ် မသိတော့။
ပိုး စောင်ကို ကိုယ်မှာအသာပတ်ပြီး မောင်နိုးမသွားအောင်ဖြေးဖြေးချင်းထသည်။
အမြဲသတိနဲ့အိပ်တတ်တဲ့ မောင်ကလဲ နိုးဖြစ်အောင်နိုးလာလေသည်။
"ဟင်... ပိုး နိုးလာပြီလား"
(ဘာလို့ နိုးလာရတာလဲ မောင်ရယ်
ရှင့်ရှေ့မှာ ဒီလိုကြီး ကျွန်မမျက်နှာဘယ်နားထားရတော့မလဲ)"ညက...ဟို..."
ပိုးရှက်နေတာ မောင်သိတာမို့ မနေနိုင်တော့ပါ
"ညက ဘာဖြစ်တယ် မှတ်ရောမှတ်မိလို့လားပိုး
ရော့ဒါလေးအရင်သောက်လိုက်"မောင်ကအမူးပြေသွားအောင် ပျားသံပုရာရည် ကြိုဖျော်ထားပေးသည်။
"ဘာမှမတွေးနဲ့ဦး ခေါင်းကိုက်နေမှာ
လန်းသွားအောင် ရေအရင် ချိုးလိုက်
မောင် ပိုးအဝတ်တွေရပြီလားမေးပေးမယ်
အဝတ်အစားမရသေးရင်တော့ မောင်ကားပေါ်ဆောင်ထားတဲ့အဝတ်အစားတွေပဲ ခနဝတ်ထားလိုက်တော့နော်""ဟုတ်... "
ဟုတ်လို့ပြောကာ ပိုးရေချိုးခန်းထဲ အမြန်ပြေးလေသည်။ ရေချိုးခန်းထဲရောက်တော့ မှန်ရှေ့ကိုယ့်ကိုယ်ကို ကြည့်ပြီး ပိုး အတော်ပင်ဒေါသဖြစ်မိသည်။
"မောင်ရှေ့မှာမှ ဒေါ်ပိုးသားဖြူရယ်...
ရှက်လိုက်တာနော်"မောင်ကြားနေသည်ကို သိရင် ပိုလို့ရှက်တော့မည်ထင်။ မောင်လဲ ခေါင်းခါပြီး ဖုန်းခေါ်ကာ ဟိုတယ်ဝန်ထမ်းတွေကို အဝတ်ရပြီလား လှမ်းမေးရသည်။ အဝတ်အစားတွေက အခြောက်လှော်တဲ့သူက မနက်မှလာတာမို့ အခုမှစလျော်နေကြောင်း မရသေးကြောင်းလှမ်းပြောတော့ မောင်က သူ့အဝတ်အစားတွေကိုသာ ပြင်ထားပေးလိုက်သည်။ ခနကြာတော့

YOU ARE READING
အမုန်း၌တည်သောအချစ်
Romansaဘယ်လိုအန္တရာယ်တွေ ကျရောက်ပါစေ မောင်က အသက်ပေးပြီး စောင့်ရှောက်မှာမို့ မောင့်နှလုံးသားထက်မှာ ပွင့်လန်းပါ မိန်းကလေး