"ပြန်ကြရအောင်"
သံစဥ့်စကားကိုနာခံတဲ့ ပိုးနဲ့မောင်တို့က ချက်ချင်းဆိုသလို ထိုင်နေရာကနေ ထလာကြသည်။ ဦးဌေးမောင်ကတော့ စခန်းကအထွက် သမီးဖြစ်သူကို စကားပြောဖို့အရေး နောက်ကနေအမြန်ပြေးလိုက်လာသည်။
"သမီး"
"သမီး"
ပြန်မဖြေမချင်း နောက်ကလိုက်နေမှာမို့ ပိုးလမ်းလျောက်နေရာကရပ်တန့်လိုက်ပြီး ကျောဘက်လှည့်ကာ
"ပြောပါ""အိမ်ကိုလဲ ပြန်လာပါဦးသမီးရယ်"
ပိုး အဖေဖြစ်သူဘေးနားက အမျိုးသမီးငယ်ငယ်လေးကိုတစ်ချက်ကြည့်လိုက်သည်။ ထိုအမျိုးသမီးကတော့ မောင့်ကိုသာ ငေးစိုက်ကြည့်နေခဲ့သည်။
"မေမေ့အရိပ်တွေ မရှိတော့တဲ့ အိမ်မို့ ....
ပိုးမလာချင်ဘူး ဒယ်ဒီ"ပိုး သူမအဖေကိုကြည့်နေရာကနေ ဘေးမှာရှိနေတဲ့ ဒေါ်ခင်ထိပ်ထားထံကို အကြည့်များရောက်လို့သွားသည်။
တကယ်ဆို အပြစ်ဆိုစကားမရှိအောင် လှပနေတဲ့အမျိုးသမီးငယ်လေးပါ။ အခုတော့ သူမအဖေရဲ့အငယ်အနှောင်းဖြစ်နေတယ်ဆိုတဲ့ အသိနဲ့ခွင့်မလွှတ်နိုင်။
ပိုလို့ဆိုးသည်က သူမရဲ့အကြည့်များပင်။
သူမရဲ့အကြည့်တွေက မောင့်ထံကို သိသိသာသာရောက်လို့နေသည်လေ။ ထိုအကြည့်တွေက ရိုးသားတဲ့အကြည့်မဟုတ်ဘူးဆိုတာ ပိုးအတတ်သိနေသည်။ ပိုးစိုက်ကြည့်နေခဲ့ပေမဲ့ ဒေါ်ခင်ထိပ်ထားရဲ့အကြည့်တွေကတော့ မောင့်ဆီကနေ လွှဲမသွားခဲ့ပေ။
အစကတည်းက အမြင်မကြည်သည်ကိုမှ မောင့်ကိုကြည့်တဲ့ ထိုအကြည့်ကိုမြင်ရတော့ ပိုး ပိုလို့စိတ်တိုလာသည်။ မောင်ထိုအမျိုးသမီးကို စိုက်ကြည့်ရင်း အကြည့်ချင်းဆုံသွားလေတော့ ပိုးရဲ့အသံခပ်ကျယ်ကျယ်လေးထွက်လာလေသည်။
"မောင်"
မောင်လဲ ဒေါ်ခင်ထိပ်ထားကိုကြည့်နေရင်းကနေ ချက်ချင်းဆိုသလို
"ဟုတ်..ဘာဖြစ်လို့လဲပိုး"
မောင်က သူမအပိုင်ပါလို့ ပိုး ထိုအမျိုးသမီးကို သိစေချင်သည်။ ထို့ကြောင့်လဲ သူမအရှေ့မှာပဲ မောင့်လက်ကို ဆွဲကိုင်လိုက်ပြီး
YOU ARE READING
အမုန်း၌တည်သောအချစ်
Romanceဘယ်လိုအန္တရာယ်တွေ ကျရောက်ပါစေ မောင်က အသက်ပေးပြီး စောင့်ရှောက်မှာမို့ မောင့်နှလုံးသားထက်မှာ ပွင့်လန်းပါ မိန်းကလေး