part 1

6.3K 209 26
                                    

"မိုးကလဲ ရွာလိုက်တာ"

မသိတဲ့ဒေသတစ်ခုကိုစတင်မိတ်ဆက်ကာမှ မိုးကအညှိုးနဲ့ရွာချ​နေလေတော့ မောင်တစ်ယောက် ကားမှန်ကနေတဆင့် တောတောင်မြင်ကွင်းတွေကိုကြည့်ရင်း လွမ်းသလိုလိုဖြစ်လာသည်။

"လွန်းဝတီမောင်ရေ ဘဝကတော့
အစကနေ ပြန်ပြန်စနေရတာပါပဲလား"

(အခုလဲ ဘွဲ့ရထားတာကို ကျောင်းပြန်တက်ရမယ်တဲ့လား)

မောင် အတွေးတွေကိုပြင်ပသို့ထုတ်ကာမပြောပေမဲ့ အတွင်းစိတ်ကနေ ရေရွတ်မိနေသည်။

တကယ်တော့ အသက် ၂၁ နှစ်ပြည့်ပြီးဖြစ်တဲ့ လွန်းဝတီမောင် က သက်​တော်​စောင့်ကုမ္ပဏီတစ်ခုရဲ့  အကြီးတန်းသက်တော်စောင့်တစ်ဦးပင်။

မိန်းကလေးပေမဲ့ စိတ်နဲ့ခန္ဓာက​တော့ ငယ်စဥ်ကတည်းက ယောက်ျားလေးတစ်ယောက်လိုပင် မာကျောလှသည်။ အသက်အရွယ်အရ အရွယ်ရောက်လာတော့လဲ တော်ရုံအလုပ်ကို စိတ်မဝင်စားခဲ့။ မိုက်မိုက်ကန်းကန်းအထာကျတဲ့အလုပ်ကိုပဲစိတ်ဝင်စားတာမို့ သက်တော်စောင့်တစ်ဦးဖြစ်အောင် ကြိုးစားခဲ့သည်။

မိဘတွေအကြောင်း ပြောပါဆိုရင် မောင်က အမျိုးသမီးနှစ်ဦးရဲ့မျိုးဆက်ပင်ဖြစ်လေသည်။ ဟုတ်ပါသည် မောင်က Lgbt မိသားစုကပေါက်ဖွားလာသူပါ။

မောင့်ရဲ့မေမေက ပြင်ဦးလွင်တစ်ခွင် ဥယျာဥ်ခြံလုပ်ငန်းတွေ ပိုင်ဆိုင်တဲ့ဒေါ်နှင်းဆီ ဖြစ်သလို မာမီအမရာမောင်ကတော့ ဆရာဝန်တစ်ဖြစ်လဲ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးပင်။

"အားလုံးပဲ  ရောက်ပါပြီဗျာ
ဒီမှာဂိတ်ဆုံးပါပြီ"

ကားဆရာရဲ့အသံကြောင့် မောင်တစ်ယောက် အတွေးလွန်ရာကနေ သတိတို့​ပြန်ဝင်လာခဲ့သည်။

ကားပေါ်ကဆင်းကာ အထုတ်​တွေကို သေချာစုစည်းလိုက်သည်။
ဗိုက်လဲဆာနေတာမို့ အထုတ်တွေခနထားခဲ့ပြီး မုန့်ဆိုင်တစ်ဆိုင်ကိုဦးတည်လိုက်သည်။

ထိုအချိန်ကားတစ်စီး မောင့်ဘေးကို ခပ်ကြမ်းကြမ်းနဲ့ဖြတ်မောင်းသွားခဲ့သည်။ လမ်းမမှာက ရွှံ့အိုင်လေးတွေအနည်းငယ်ရှိတာမို့ ထိုကားဖြတ်သွားချိန် မောင့်ကို ရွံ့အနည်းငယ်စင်​လေသည်။ မောင်နဲ့ဝေးနေတာကြောင့်ပါ နည်းနည်းသာနီးကပ်သွားရင် တစ်ကိုယ်လုံးရေစိုသွားနိုင်သည််။

အမုန်း၌တည်သောအချစ်Where stories live. Discover now