Part 7

2.4K 144 15
                                    

"မင်းက မင်းအစ်မတစ်ယောက်ကို မစောင့်ရှောက်တဲ့အပြင်
ဘိန်းစားတစ်ယောက်ဆီမှာ အနိုင်ကျင့်စော်ကားခံရဖို့ပါ
လိမ်ပြီးဖုန်းဆက်ပေးခဲ့တာလား"

ကိုထက် ရိုက်ခံလိုက်ရတဲ့ ပါးနှစ်ဖက်ကိုကိုင်ကာ ကြောင်တောင်တောင်လုပ်နေပြန်သည်။

"ပိုးမျက်နှာကြောင့် မင်းကိုရဲလက်မအပ်တော့ဘူး
နောက်ထပ်တော့ ပိုးကိုလာထိဖို့မကြိုးစားနဲ့
မင်းကိုမြေမြုပ်ပစ်မှာ မင်းအဖေရောပဲ
ငါပြောတာနားလည်လား"

မောင် ပိုးရဲ့မောင်တစ်ဝမ်းကွဲကို ကျိန်းမောင်းနေလေသည်။ တကယ်က လက်သီးနဲ့စိတ်ကြိုက်ထိုးပစ်ချင်တာပါ။ ပိုးရဲ့ဆွေမျိုးသားချင်းဆိုတဲ့အသိနဲ့ မောင်စိတ်လျော့ထားလိုက်ရသည်။ သို့သော်မကောင်းတဲ့ ဆွေမျိုးဆိုတာ မောင်သိနေခဲ့သည်။

သံစဥ်က ထိုနှစ်ယောက်စကားပြောတာကိုကြည့်ရင်း
"ပိုး..."

သူမ နာမည်ကိုခေါ်လိုက်တာမို့ ပိုးက သံစဥ့်မျက်နှာကိုလှည့်ကြည့်သည်။

"မောင်ကလေ နင့်ကို တစ်ယောက်ယောက်ထိရင်
အဲ့လိုကြောက်စရာကောင်းတဲ့လူလိုပြောင်းလဲသွားတာသိလား
စောစောကလဲလေ ဆံပင်ကိုနောက်လှန်စီးပြီး
ဂေါက်တံတစ်ချောင်းနဲ့ အဲ့လူတွေကိုရိုက်ခဲ့တာ
လူမိုက်ကြီးကျနေတာပဲ မိုက်တော့မိုက်သား"

"သူရော မထိဘူးလား သံစဥ်
စောစောက သူ့ပါးလေးရဲနေတာတွေ့လိုက်တယ်"

ပိုး မောင့်ပါးရဲရဲလေးပေါ်က ယောင်နေတဲ့နေရာတချို့ရော နှုတ်ခမ်းနားက သွေးစို့နေတဲ့နေရာလေးကိုရော သေသေချာချာမြင်လိုက်ရသည်။

"ထိတယ် သူ့ကိုလဲ ပြန်ချကြတာပေါ့
သံစဥ့်မှာလေ ကြောက်လိုက်တာမပြောတဲ့
သူအထိုးခံရလို့ ပစ်ပစ်လဲကျ အဲ့တာလဲ ပြန်ထပြီးပြန်ချတာပဲ"

မောင် စကားပြောနေတာတွေအကုန်ပြီးသွားတော့ ကားဆီပြန်လာသည်။ မောင်ကားဆီလျှောက်လာတော့ ပိုးနဲ့သံစဥ်က စကားစကိုလက်စသတ်လိုက်ကာ ငြိမ်နေကြသည်။ မောင်ကားပေါ်တက်ထိုင်ပြီး

"နှိုးလို့တော့ရဦးမယ်ထင်တယ်"

သံစဥ်က မောင် ပိုးစိတ်ပြေအောင်ပြောနေတာသိတော့
"နိုးလောက်ပါရဲ့
တံခါးကိုပြေးဆောင့်လိုက်တာများ သံစဥ်မှာလန့်သွားတာပဲ"

အမုန်း၌တည်သောအချစ်Where stories live. Discover now