သန့်စင်ခန်းထဲကထွက်လာတဲ့ သူတို့နှစ်ယောက်ကို သူငယ်ချင်းတွေက ဝိုင်းကြည့်နေသည်။Graceက လည်ပင်းကိုပွတ်ပြပြီး သူ့ကို တစ်ချိန်လုံးစနေသည်။"Shit ဒီလူ ဒါသပ်သပ်လုပ်တာ " ။
ဝိုင်းထဲမှာ အသိလဲမရှိပဲ သူ့ဘေးကို ကပ်ပြီး ထိုင်နေတဲ့ လူကို သေချာကြည့်မိကာမှ ဒီလူက တော်တော်ကြည့်ကောင်းတယ်
ဒီလိုကျတော့လဲ သူ့ရဲ့ပထမဆုံးအချိန်တွေကိုပေးလိုက်ရတာ တန်သား အမှားတစ်ခုဆိုတောင် နောင်တမကျန်ပဲ မှားရတာတန်တာမျိုးပေါ့။"ကိုယ့်ကို ကြည့်လို့ဝပြီလား"
"ဘယ်မှာကြည့်လို့လဲ"
"မလိမ်နဲ့ ကိုယ့်ကို" ဆိုပြီး သူ့နှုတ်ခမ်းတွေကို အပိုင်သိမ်းသွားပြန်ပါပြီ။
"ဒါက လိမ်လို့" ဆိုပြီး သူ့နှုတ်ခမ်းတွေကို ထိုလူက လက်မနဲ့ပွတ်ဆွဲပြီး စကားဆိုသည်။
သူငယ်ချင်းတွေ အကုန်လုံးက သူတို့နှစ်ယောက်ရဲ့အပြုအမူတွေကိုကြည့်နေကြတယ်။ထွေထွေထူးထူးရှင်းပြမနေချင်တော့လို့ ကြည့်ချင်သလိုကြည့်လို့ပဲ နေနေလိုက်တယ်။သူတို့ရဲ့အခုပုံစံက ဟိုလူက သူ့ခါးတွေကို ဖက်ထားဆဲဖြစ်ပြီး သူကလဲ အလိုက်သင့်လေး ထိုလူ့ရင်ခွင်ထဲကို ရောက်နေပြီ။ ဘယ်အရာက ဆွဲထားလဲမသိပေမယ့် သေချာတာက သူကိုယ်တိုင်က ဒီရင်ခွင်ထဲက မထွက်ချင်တာပဲ။
"ကိုယ့်အပိုင်လေး ဖြစ်ပေးမလား" လို့မေးတဲ့ အသံခပ်ဩဩဟာ နားထဲက မထွက်။အနမ်းတွေမှာမျောသွားရင်း တွေးမိတာကလဲ ဒီတိုင်းဆို သူတော့ ဒီနွံထဲက ရုန်းနိုင်မယ်မထင် ဆိုတာပဲ။
"Ohh Pond Naravit Dunk တို့က ဟိုဘက်မှာမဟုတ်လား "
"Omm မသွားချင်လို့"
"Aww okay ငါသွားတော့မယ်" ဒီလူရဲ့ သူငယ်ချင်းဖြစ်ဟန်ရှိပုံရတဲ့ တစ်ယောက်က ခေါ်ချင်ပေမယ့် ဒီလူက မလိုက်ချင်တာမို့ အများကြီးမပြောပဲ ထွက်သွားသည်။ ဒီလူက ဘာမှဂရုမစိုက်ဟန်နဲ့ သူ့ပခုံးတွေကို ပဲ ဖိနမ်းနေသည်။
"လိုက်သွားလေ ခင်ဗျား လူတွေဆီ"
"မသွားချင်ဘူး ကိုယ် မင်းနားမှာပဲ နေချင်တာ"
YOU ARE READING
This Pretty Boy is Mine ❤️🔥(PondPhuwin)
FanfictionJust a short story about Pondphuwin Pondphuwin Myanmar fanfiction