Dos

183 24 12
                                    

ဘယ်သူနဲ့မှ စကားမပြောပဲ အရက်ချည်းသောက်နေတဲ့ ကောင်လေးကို ထိုင်ကြည့်နေမိတယ်။အနက်ရောင် Button up shirt လက်တိုကို ကြယ်သီး4လုံးဖြုတ်ဝတ်ထားတဲ့ ကောင်လေးရဲ့ လည်တိုင်ဖြူဖြူနဲ့ ရင်ဘက်ကြွက်သားတစ်ချို့ကို မြင်ရုံနဲ့တင် သူ့စိတ်တွေ ထိန်းချုပ်ရခက်စေသည်။

သူဝင်လာပြီးခါးမဖက်လိုက်ခင်က ကြည့်နေကြတဲ့ လူတွေကို ဒါငါ့အပိုင်မကြည့်နဲ့လို့ မျက်လုံးတွေအကုန်လုံးကို ဖောက်ထုတ်ပစ်လိုက်ချင်သည်။သူခါးဖက်လိုက်တာတောင် သူ့လူကို ငမ်းချင်ကြသေးတဲ့ လူတွေကလဲ ရှိသေးသည်။ ဒီကောင်လေးကို သူ့အပိုင်မှန်းလူတွေသိအောင် ဘယ်လို လုပ်ပြရမလဲ။

နမ်းလိုက်တဲ့ အနမ်းမှာ ကပ်ပါလာတဲ့ ဝီစကီအရသာလေးက ‌ခွက်ထဲက ဝီစကီထပ်တောင် ‌ယစ်မူးစေသေးသည်။နှုတ်ခမ်းကို နမ်းပြီး လည်တိုင်တွေကိုပါဆင်းပြီး နမ်းလိုက်ချင်ပေမယ့် ထို‌ကောင်လေး စိတ်ဆိုးမှာစိုး၍ ရပ်လိုက်ရသည်။

ခါးဖက်ထားတာကို မတုံ့ပြန်ပဲ အရက်ချည်း လှိမ့်သောက်နေတဲ့ ကောင်လေးကို ဘယ်လို အပိုင်ခေါ်ထားရမလဲ အတွေးကလွဲ ကျန်တာ ဘာမှအာရုံမရှိ။စတွေ့တဲ့ နေ့ထဲက သူ့အပိုင်လုပ်ပစ်မယ်ဆိုတဲ့ အတွေးတစ်ခုနဲ့ သူသောက်နေတာကို ထိုင်ကြည့်နေခဲ့တာ မူးနေတဲ့ကောင်လေးက သန့်စင်ခန်းအသွား ခြေ‌ထောက်တွေယိုင်သွားတာကို ထိန်းပေးရင်း ထိုကောင်လေးက စတင်ပြီး "နမ်းချင်တယ်" ဆိုတဲ့ စကားတစ်ခွန်းနဲ့ မျက်နာနားကပ်လာပြီး မနမ်းတတ်ပဲ လာနမ်းခဲ့တာ။

ထိုကောင်လေး ဘက်က စတဲ့ အနမ်းတွေကို သူကပြန်တုံ့ပြန်ရင်း သူ့ရဲ့ တစ်ချိန်လုံး တွေးခဲ့တဲ့ အပိုင်သိမ်းမယ့် အတွေးက ပြန်ရောက်လာတာမို့ "ကိုယ့် အိမ်လိုက်ခဲ့မလား" လို့ မေးခဲ့တာ တော်ရုံ တစ်ညတာ လူတွေကို အိမ်ကို မခေါ်ပေမယ့် ဒီကောင်လေးကိုတော့ တစ်ခါတည်းအိမ်ခေါ်သွားချင်တာ ပြန်မလွှတ်ပဲနဲ့လေ။

မထင်ထားတာက နိုးလာတော့ ပြန်ထွက်သွားမှာကိုပင် နာမည်လဲ မသိတာမို့ သူ့မှာ ဒီကောင်လေးကိုရှာဖို့ ခေါင်းမီးတောက်ခဲ့ရသေးသည်။နာမည်သိရလို့ သူ့အကြောင်းစုံစမ်းဖို့ လူလွှတ်ထားတုံးမှာပဲ Wednesday Club ကို လာရင်း ထပ်ဆုံရပြန်သည်။

This Pretty Boy is Mine ❤️‍🔥(PondPhuwin)Where stories live. Discover now