အပိုင်း(၁)

563 59 1
                                    

နေမင်းကြီးက အနောက်ဂေါယာကျွန်းကို ယွန်းနေပြီ။ လမင်းကြီးကလည်း သစ်ပင်ထိပ်ဖျားမှာ ကောင်းကင်မှာ ယီးလေးခိုလို့....။ ဆည်းဆာရောင်တိမ်တိုက်တွေအပေါ်ကို မိုးတိမ်မည်းတွေ တဖြည်းဖြည်း ဖုံးအုပ်စ ပြုနေပုံက စက္ကူလေးပေါ်ကို မှင်အရောင်တွေ စွန်းထင်းသွားသလိုလို။

ဆည်းဆာချိန်ရဲ့ နေရောင်ခြည်တွေက အိမ်နံရံတွေအပေါ်ကို ပက်ဖြန်းနေပြီး သိပ်ကိုလှတဲ့ အမျိုးသမီး‌လေးရဲ့ မျက်နှာပေါ်မှာလည်း ထင်ဟပ်နေလေရဲ့။

နင်းနင်းတစ်ယောက် အိမ်လေးရဲ့ တံခါးရှေ့မှာအကြာကြီးရပ်နေမိတယ်။ ပြီးမှ သူမ လေသံတိုးတိုးလေးနဲ့ ပြောလိုက်တာပေါ့။ “ဒါဆို...ငါ ဝင်ခဲ့ပြီနော်”

သူမပြောလိုက်ပေမယ့် သူမစကားကို တုန့်ပြန်မယ့်သူကတော့မရှိဘူး။

သူမခေါင်းထဲက Systemကတောင် ပြောစရာရှိတာပြောပြီးတာနဲ့ သေချင်ယောင် ဆောင်သွားပြီ။

အိုကေလေ။

အေးစက်နေတဲ့ညဖြစ်တာမို့ နင်းနင်းတစ်ယောက် အင်္ကျီကိုတင်းနေအောင်ဆွဲလိုက်ပြီး သူမရှေ့က သစ်သားတံခါးပေါ်ကို လက်ကလေးတင်လိုက်တော့တယ်။

သူမ ဒီကိုရောက်လာတာက လုံးဝကို မတော်တဆဖြစ်ရပ်တစ်ခုပဲ။

အင်း....သူမ ဖတ်ဖူးတဲ့ ဝတ္ထုကမ္ဘာထဲကိုရောက်လာတယ်ဆိုတာက မျှော်လင့်မထားဘူးလို့ပြောရမှာပေါ့လေ။

ဝတ္ထုနာမည်က “ကောင်းကင်ခွင်းမယ့်ဓား” တဲ့။ ရိုးရိုးရှင်းရှင်းတရုတ်နာမည်လေးပါပဲ။ ဒါ့အပြင် ဖတ်လို့ကောင်းအောင် ဆွဲဆောင်နိုင်သလို နာမည်နဲ့ ဝတ္ထုကလည်း လိုက်ဖက်ပါတယ်။ ဝတ္ထုအကြောင်းကို အနှစ်ချုပ်ပြောပြရမယ်ဆိုရင်တော့ အပိုင်းလေးပိုင်းရှိတယ်။

ပထမပိုင်းက “ပြန်လည်ဝင်စားတဲ့ အမတ ပညာရှင်ကြီးက သူ့ရဲ့ ဓားကျင့်ကြံသူဘဝကို အိပ်မက်မက်တာ”

ဝတ္ထုထဲက ဇာတ်လိုက်မင်းသားဖေ့ကျီက အင်အားအလွန်ကြီးပြီး ရှေးကျတဲ့ ဓားကျင့်ကြံသူကြီးတစ်ယောက် ဝင်စားတာလေ။ သူ့ကိုယ်ထဲမှာ အမတ ဓားစွမ်းအင်တွေပိုင်ဆိုင်ထားတာဆိုတော့ သူ့ရဲ့အစွမ်းတွေကလည်း သိပ်ကိုထူးခြားပြီး အားကောင်းလွန်းတယ်။

တလွဲလုပ်ပြီးတဲ့နောက် မင်းသားရဲ့လရောင်ဖြူလေးဖြစ်သွားတယ်Nơi câu chuyện tồn tại. Hãy khám phá bây giờ