အပိုင်း (၇)

177 31 2
                                    

သူနဲ့ ပြိုင်ရမယ့်သူနာမည်က ချန်းကျောင်းတဲ့။ အမတကြီး ချင်းရွှီရဲ့လက်အောက်က တပည့်။ အရည်အချင်းလည်းရှိပြီး ဖေ့ကျီကိုလည်း မနေ့က နင်းနင်းနဲ့ ပြိုင်ပွဲကြောင့် အထင်သေးမထားဘူး။ ဒါ့အပြင် အသုံးဝင်နိုင်မယ့် လက်နက်ပုန်းတစ်ခုကိုလည်း အရံအနေနဲ့ ပြင်ဆင်လာသေးတယ်။


တကယ်တော့ ပြိုင်ပွဲမှာ လက်နက်ပုန်းယူတာကို တားမြစ်ထားတယ်လေ။


ဒါပေမယ့် သူ့ရဲ့ လက်နက်ပုန်းက ခြင်ရဲ့ ခြေထောက်လောက်ပဲရှိတဲ့ ဝိဉာဉ်ခွင်းအပ်တွေဆိုတော့ သူတို့အစွမ်းတွေထုတ်ပြီး တိုက်ခိုက်ကြရင်တောင် လက်နက်ပုန်းရှိတာကို အလွယ်တကူရှာမတွေ့နိုင်ဘူး။ ဒါ့အပြင် ပွဲကြည့်ပရိတ်သတ်တွေကလည်း စင်နဲ့အတော်လေးဝေးတော့ သူဖေ့ကျီကို အဲ့အပ်တွေနဲ့ပစ်လိုက်ရင်တောင် သိမယ့်သူရှိမှာမဟုတ်ဘူး။


ရန်သူရဲ့ ဖေ့ကျီကို အနိုင်ပိုင်းမယ့်အကွက်တွေအပြင် မူလခန္ဓာကိုယ်ပိုင်ရှင် နင်းနင်းကလည်း သူမနည်း သူမဟန်နဲ့ ဖေ့ကျီကို အမြစ်ဖြတ်ဖို့ကြံနေတာလေ။


သူမရဲ့ အဓိက ဓားသိုင်းက ရှင်းလော့လို့ခေါ်တယ်။ လေလိုလျှင်ပြီး ကြယ်တွေလို လျှပ်တပြက်တောက်ပတယ်။ ခြုံပြောရရင်တော့ လျှင်မြန်ပြီး ရက်စက်တဲ့ တိုက်ကွက်ပေါ့။ သူမရဲ့ဖြစ်တည်မှုကိုရော အရိပ်ကိုရော မမြင်ရဘဲ ရန်သူက အလစ်ဝင်တိုက်ခိုက်ခံရတာမျိုး။


မူရင်းခန္ဓာကိုယ်ပိုင်ရှင်ရဲ့ အစီအစဉ်က ဖေ့ကျီ ချန်းကျောင်းနဲ့ တိုက်ခိုက်နေတုန်းမှာ သူမကလည်း နောက်ကျောကနေဝင်ပြီး လုပ်ကြံဖို့ ပြင်ထားတာ။


ဒီလိုမျိုး နှစ်ဖက်ညှပ်တိုက်ခိုက်မှုမျိုးကို ဖေ့ကျီဘယ်လိုမှ ခုခံနိုင်မှာမဟုတ်ဘူး။

လက်နက်ပုန်းရော၊ သူမရဲ့ ဓားအစွမ်းကိုရောလေ။ သေချာပေါက် သေလောက်တဲ့ ဒဏ်ရာ ရသွားမှာပဲ။ ဒါပေမယ့် သေမှာတော့မဟုတ်ဘူး။


တွေးရင်းနဲ့ နင်းနင်းက အိပ်ယာကနေထပြီး မျက်နှာသစ် အဝတ်လဲ တစ်ခါတည်းတန်းလုပ်လိုက်တယ်။ ပြီးတာနဲ့ ဓားကိုကောက်ကိုင်လိုက်တော့တာပဲ။ သူမ စိတ်ထဲမှာ သူမတို့လို ဗီလိန်တွေဆိုတာ ဇာတ်လိုက်မင်းသား ပိုတိုးတက်လာအောင် လုပ်တဲ့ အသုံးချခံလေးတွေပါလားလို့လည်း တွေးမိနေသေးတယ်။

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Oct 15 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

တလွဲလုပ်ပြီးတဲ့နောက် မင်းသားရဲ့လရောင်ဖြူလေးဖြစ်သွားတယ်Dove le storie prendono vita. Scoprilo ora