အပိုင်း (၆)

189 36 2
                                    

လင်းရွှမ်က သူမနဲ့ လအတူကြည့်ပေးမယ်လို့ မျှော်လင့်မထားမိဘူး။



တကယ်ဆို လင်းရွှမ်က ဂိုဏ်းကိုဝင်တာ သိပ်မကြာသေးဘူးလေ။ သူမတို့နှစ်ယောက်က မျက်နှာချင်းဆိုင်ဆုံရင်တောင် စကားပြောခဲတယ်။ ဒါတောင် အခုမှ ပထမဆုံးစကားပြောဖူးတာပဲ။



မူလဇာတ်ကြောင်းထဲမှာတော့ နင်းနင်းက လင်းရွှမ်ကို ထိဖို့ကြံတိုင်း ဟိုက တုန့်ဆိုင်းမှုတောင် မရှိဘဲ ချက်ချင်းလက်ကိုဖယ်ချတတ်တယ်တဲ့။ ဒါပေမယ့် အခုတော့ နဂါးမင်းသားလေးက သူမကိုင်ထားတာကို ဖယ်မပစ်တဲ့အပြင် သူမနဲ့အတူ လကို ရှူစားပေဦးမတဲ့။



"ဒါပေမယ့် ဆရာတူမမ...အပြင်ထွက်ပြီး လကြည့်မှာထက်လေ ကျွန်တော်တို့........."



လင်းရွှမ်က ခဏလောက်တော့ တုံ့ဆိုင်းနေပေမယ့် သူ့ရဲ့မျက်တောင်ရှည်ကြီးတွေက အောက်ကို စိုက်ကျသွားတယ်။ ပြီးတော့ ကြမ်းပြင်ကို ငုံ့ကြည့်နေရင်းပဲ ပြောလာလေရဲ့။ အသံလေးက သလင်းတုံးလေးလို ကြည်လင်လို့။



"ကျွန်တော်တို့ မမရဲ့အခန်းကို အရင်ဆုံး သန့်ရှင်းရေးလုပ်ကြမလား"



သူ ခေါင်းကိုငုံ့နေတုန်း နင်းနင်းက သူမရဲ့ မောင်လေးကို သေချာလေး အနားကပ်ကြည့်လိုက်မိတယ်။



ဒီနဂါးမင်းသားလေးက ဝတ္ထုထဲမှာ အရေးပါတဲ့ဇာတ်ကောင်လို့လည်းပြောလို့ရတယ်။


သူ့ရဲ့ ကြင်နာတတ်တဲ့ စိတ်ထားလေးကြောင့် အထီးကျန်ဖေ့ကျီနဲ့လည်း ဆက်ဆံရေးကောင်းပြီး ဇာတ်ကြောင်းထဲမှာလည်း ခဏခဏပေါ်လာတတ်တယ်။



ဖေ့ကျီရဲ့ ဒေါသကြီးပြီး ခန့်မှန်းမရတဲ့ မိစ္ဆာစိတ်ထားလေးနဲ့ဆိုရင်တော့ လင်းရွှမ်ရဲ့ ကြာပန်းဖြူဇာတ်ကောင်လေးက ပိုပြီး သန့်ရှင်းတောက်ပနေတော့တယ်။



နဂါးမင်းသားလေးရဲ့ ငယ်ရွယ်နုပျိုမှုက အသက်ဓာတ်တွေပေးနေတဲ့ ကျောက်စိမ်းသစ်ပင်လေးလို...စီးဆင်းနေတဲ့ မြစ်ရေတွေလို...ကြည်လင်အေးမြမှုတွေက သူ့မျက်နှာလေးမှာ အရိပ်ထင်ဟပ်နေလေရဲ့။

တလွဲလုပ်ပြီးတဲ့နောက် မင်းသားရဲ့လရောင်ဖြူလေးဖြစ်သွားတယ်Opowieści tętniące życiem. Odkryj je teraz