အပိုင်း(၂)

333 49 4
                                    

ဂိုဏ်းရဲ့ တပည့်ရင်းတွေက တစ်ယောက်တစ်ဆောင်စီနေရပေမယ့် အပြင်ဖက်တပည့်တွေကတော့ တစ်ခန်းကို လူနှစ်ယောက် သုံးယောက်စီလောက်မျှသုံးရတယ်။ အဲဒါကပဲ ဖေ့ကျီကို သူ့အခန်းဖော်တွေ နှိပ်စက်တဲ့ဒဏ်ကို အချိန်တစ်ခုကြာအောင် ခံစားရစေတာပေါ့လေ။

သူက ဆင်းဆင်းရဲရဲမွေးလာခဲ့ပြီး ရွာလေးတစ်ရွာမှာ ကြီးပြင်းခဲ့တာဆိုတော့ ဘာမှသိတာလည်း သိပ်မရှိဘူး။ ဒါ့အပြင် သူ့ခန္ဓာကိုယ်ထဲက မိစ္ဆာချီစွမ်းအင်က မိစ္ဆာကျင့်ကြံသူတစ်ယောက်ရဲ့သားဖြစ်တယ်ဆိုတာကို ပြနေတာဆိုတော့ ခွဲခြားဆက်ဆံတာတွေလည်း ခံရတာပေါ့။ ကိုယ်က ဘယ်လိုသွေးမျိုးကို ပိုင်ဆိုင်ထားလဲဆိုတာအပေါ်မူတည်ပြီး ခွဲခြားဆက်ဆံတာတွေက လက်ရှိကျင့်ကြံခြင်းလောကမှာ ရှိနေတယ်။

သူ့ရဲ့အခန်းဖော်တွေက သူ့ကိုမျိုးမစစ်ကောင်ဆိုပြီး လှောင်ပြောင်ကြတယ်။ တစ်ခါတစ်လေဆို ရိုက်နှက်ကန်ကျောက်နေကြတာ။ ဒီနေ့ပြိုင်ပွဲရလာဒ်ထွက်လာတဲ့အထိပေါ့လေ။

ပွဲရှိနေတာဆိုတော့ ကျောင်းသားအများစုက အခန်းထဲမှာမရှိကြဘူး။ ဒါပေမယ့် တံခါးရှေ့မှာရပ်နေတဲ့ နင်းနင်းကတော့ အခန်းထဲက အသံတချို့ကို ကြားနေရတယ်။

“ငါတို့ကိုပြောစမ်း မင်းဘာလုပ်ထားတာလဲ? မဟုတ်ရင် မင်းလိုအသုံးမကျတဲ့ကောင်က တစ်ညတည်းနဲ့ ဒီလောက်ကြီးတိုးတက်သွားစရာ အကြောင်းမရှိဘူး”

“သူ့အင်္ကျီတွေထဲရှာကြစမ်းကွာ။ ငါတို့တစ်ခုခုတွေ့မှာသေချာတယ်”

“ဟာ ဒီမအေဘေးလေးကတော့ ငါ့ကိုတောင်ရိုက်ရဲတယ်။ မင်းသေချင်နေပြီလား”

အသံတွေက တိုးသွားပြီး ဘာစကားသံကိုမှ သဲသဲကွဲကွဲမကြားရတော့ဘူး။ သူမကြားရသမျှက ရိုက်နှက်ကန်ကျောက်နေတဲ့အသံတွေပဲ။

ဒီလိုနဲ့ အခန်းထဲကနေ ဘာသံမှမကြားရတော့ဘူးဆိုတော့ နင်းနင်းလည်း ဖေ့ကျီအသေများရိုက်သတ်ခံလိုက်ရပြီလားဆိုပြီး တံခါးကို အမြန်တွန်းဖွင့်လိုက်တာပေါ့။

ကျွီခနဲတံခါးပွင့်သံနဲ့အတူ အနီရောင်အရှိန်အဝါတစ်ခုက သွေးတွေလို သူမဆီရိုက်ခတ်လာတယ်။ ဖယောင်းတိုင်ရဲ့မှိန်ပျပျမီးရောင်နဲ့ ညနေခင်းရဲ့ ရောင်ခြည်ကြားထဲမှာ အခန်းထဲက မြင်ကွင်းကို သူမသေချာမြင်လိုက်ရတယ်လေ။

တလွဲလုပ်ပြီးတဲ့နောက် မင်းသားရဲ့လရောင်ဖြူလေးဖြစ်သွားတယ်Où les histoires vivent. Découvrez maintenant