အပိုင်း ၄

319 47 2
                                    

ဝင်ခွင့်စာမေးပွဲမှာတုန်းက ဖေ့ကျီက လူဆင်းရဲလေးတစ်ယောက်ဖြစ်ပြီး မိစ္ဆာသွေးလည်း ရောနေသလို အမတစွမ်းအင်ကလည်း နည်းသေးတယ်။ ပိုက်ဆံမရှိ၊ အာဏာမရှိ၊ စွမ်းအားမရှိပေါ့လေ။ 

ဒါကြောင့် သူက ရှန်းအန်းချောင်တို့တစ်သိုက် ဒေါသထွက်လာတိုင်း အထိုးခံရတဲ့ သဲအိတ်တစ်ခုဖြစ်ခဲ့တာပေါ့။ 

ဒါပေမယ့် သူက ခေါင်းကြောမာတယ်။ သူ့မှာ အားသိပ်မရှိတာတောင်မှ သူ့ကိုရိုက်တိုင်း ပြန်ပြန်ချတတ်လို့ အသေအရိုက်ခံရတဲ့ အကြိမ်ရေပေါင်းလည်း မနည်းဘူး။

ဒါပေမယ့် ဘယ်လောက်ပဲအရိုက်ခံရပါစေ ချမ်းသာပေးပါလို့တော့ ဘယ်တုန်းကမှ မတောင်းဆိုခဲ့ဖူးဘူး။ 

သူ့ပုံစံက ရန်သူကိုစားသောက်ဖို့ လက်သည်းထုတ်နေတဲ့ ဝံပုလွေတစ်ကောင်လိုပဲ။

ဒါဆိုရင် ဖေ့ကျီရဲ့ ဓားစွမ်းအင်က ဘယ်တုန်းကများ အဲလောက်ထိ ကောင်းသွားနိုင်တာလဲ?

နီးကျီတစ်ယောက် အတွေးထဲမျောနေတုန်း ရယ်သံခပ်သဲ့သဲ့ကိုကြားလိုက်ရတော့တယ်။ 

နေဝင်ဆည်းဆာရဲ့အရောင်နဲ့ လမင်းရဲ့အရောင်က ရောယှက်နေတော့ အမျိုးသားရဲ့ ထင်ရှားတဲ့ မျက်နှာသွင်ပြင်တွေက အလင်းရောင်အောက်မှာ ခန့်ညားလို့ပေါ့။ 

ဖေ့ကျီရဲ့ မျက်ဆံတွေက အနီရောင်တွေနဲ့ ပြည့်နှက်နေလေရဲ့။ သူ့နှုတ်ခမ်းက ကွေးရုံကွေးထားတယ်ဆိုပေမယ့်လည်း အပူချိန်ကတော့ ရေခဲမြစ်ပေါ်ဖြတ်တိုက်လာသလို အေးစက်နေလေရဲ့။ 

သူ့အသံက တစ်ချိန်တည်းမှာပဲ ထေ့ငေါ့သံနဲ့ ပျင်းရိတဲ့အသံရောယှက်နေတာမျိုး။ သူ့မျက်လုံးအောက်က မှဲ့နီလေးကိုကြည့်ရင်း နီးကျီ တုန်လှုပ်နေမိပြီ။ 

“မင်းတို့ သေဖို့သာပြင်တော့”

**

လောလောဆယ်မှာ ဇာတ်လိုက်မင်းသားဘာဖြစ်ဖြစ် နင်းနင်းနဲ့ မဆိုင်ဘူး။ 

သူ မောင်းမဆောင်ကြီးထောင်ချင်တယ်ဆိုလည်း ထောင်ပေါ့။ လျှို့ဝှက်လောကကို ဝင်ချင်တယ်ဆိုလည်း ဝင်ပေါ့။ သူမ ဂရုမစိုက်ပါဘူး။ 

တလွဲလုပ်ပြီးတဲ့နောက် မင်းသားရဲ့လရောင်ဖြူလေးဖြစ်သွားတယ်حيث تعيش القصص. اكتشف الآن