[ ၂ ] U

956 120 48
                                    


ဦးတည်မြဲစေသော် ရွာသို့ရောက်နေသည်မှာ သုံးရက်ခန့်ရှိနေပြီဖြစ်သော်ငြား ရွာထဲသို့ပင် ခြေတစ်လှမ်းမျှမလှမ်းဖြစ်သေးပေ..

ဦးတည်မြဲစေသော် မှာသူကြီးအိမ်၏ ဘေးဘက်ခြံဝင်းထဲရှိ ပျဉ်ထောင်နှစ်ထပ်အိမ်တွင်နေထိုင်ရခြင်းဖြစ်သည်။ အပေါ်ထပ်၌ နေထိုင်၍ အောက်ထပ်တွင်တော့ ဆေးခန်းသဖွယ်ပြုလုပ်ထားခြင်းဖြစ်သည်။

ဆေးပစ္စည်းများနှင့် နေရာချစရာရှိသည်များကို စီစဉ်နေရသဖြင့်ဘယ်မှမသွားဖြစ်ခြင်းဖြစ်သည်။
အစားအသောက်အတွက်ကိုတော့ သူကြီးအိမ်မှသာစီစဉ်ပေးခြင်းဖြစ်ရာ သူကြီးသမီးဖြစ်သည့် မြနှင်းကသာအချိန်တိုင်းလာပို့ပေးခြင်းဖြစ်သည်။

ဦးတည်မြဲစေသော် အိမ်အပြင်ဘက်သို့ထွက်ကြည့်လိုက်တော့ ညနေပိုင်းနေဝင်ရီတရောအချိန်သို့ရောက်နေပြီဖြစ်သည်။ ယာထဲမှ ပြန်လာကြသည့် ရွာသူရွာသားများနှင့် နွားလှည်းများမှာလည်း ခြံရှေ့လမ်းမထက်၌ နေရာယူနေသည်။

" ဆရာလေး! ရွာထဲသွားမလို့လားဗျ! ကျုပ်လိုက်ခဲ့ပေးမယ်လေ "

ဦးတည်မြဲစေသော် ခြံထဲမှထွက်ရန်ပြင်သည်နှင့် သူကြီးခြံဘက်တွင် နွားစာစင်းနေသည့် မောင်တုတ်ကလှမ်းအော်ပြောလာခြင်းဖြစ်သည်။

" နေပါစေ... ကျွန်တော်ဒီနားလေးဘဲ ပက်ကြည့်မှာပါ "

" ကျုပ်မပါလို့ဖြစ်ပါ့မလားဗျာ.. တော်ကြာလမ်းပျောက်နေဦးမယ်ဗျ "

" ကျွန်တော်မှတ်မိပါတယ် "

" အဲလေ.. ဆရာလေးက ဒီဒေးမှမဟုတ်ဘဲ "

မောင်တုတ်ကထိုသို့ဆိုတော့ ဦးတည်မြဲစေသော် အသာပြုံး၍ ထိုနေရာမှထွက်လာခဲ့လိုက်သည်။ ရွာလယ်လမ်းအတိုင်း လျှောက်လာခြင်းဖြစ်ရာ တစ်နေရာအရောက်တွင် ဦးတည်မြဲစေသော်၏ခြေလှမ်းတို့ရပ်တန့်သွားရသည်။

ပုဆိုးကိုခပ်တိုတိုဝတ်၍ သစ်သားရေပုံးနှစ်ပုံးကို တစ်ဖက်ဆီဆွဲလာသူက မျက်နှာထက်၌လည်း ချွေးတို့ပင်စိုရွဲနေပြီဖြစ်သည်။ ရှည်လျားသည့်အရပ်... တောင့်တင်းသည့်ခန္ဓာကိုယ်... ဖြူဖွေးနေသည့်အသားအရည်နှင့် သိပ်လှသည့်မျက်နှာကျပုံက မြို့မှာဆိုလျှင် မင်းသားပင်လုပ်လို့ရနေပြီဖြစ်သည်။

တစ်ခါတုန်းက... [ Ongoing ]Where stories live. Discover now