[ ၅ ] U

343 88 47
                                    


" တစ်ရက်ကို သုံးကြိမ်သောက်ပေးနော်.. "

" ဟုတ်ကဲ့ ဆရာလေး "

လူနာထွက်သွားသည်နှင့် ဦးတည်မြဲစေသော်နေရာမှထကာ အကျောဆန့်လိုက်သည်။ ထိုင်ခုံတွင်ထိုင်ကာ ဆေးစပ်ပေးနေရသည်မှာ တစ်နာရီခန့်ကြာမြင့်နေပြီဖြစ်သောကြောင့်အတော်လေးကို ညောင်းနေပြီဖြစ်သည်။

ဦးတည်မြဲစေသော် အကျောဆန့်ရင်း နောက်သို့လှည့်လိုက်ခြင်းဖြစ်ရာ လှေကားရင်းတွင် မတ်တပ်ကြီးရပ်နေသူကြောင့် ခန္ဓာကိုယ်ပင်တုန်ယင်သွားသည်အထိလန့်သွားမိသည်။ အပေါ်ထပ်ကနေဘယ်အချိန်က ဆင်းလာသလည်းဆိုတာသူမသိလိုက်...

အသံမပေးဘာမပေးနဲ့ မတ်တပ်ကြီးရပ်နေသူက ဦးတည်မြဲစေသော် လန့်သွားသည်ကိုမြင်တော့ ပြုံးသည်။ ဆံပင်တို့ကထိုးထိုးထောင်ထောင်ဖြင့် ရှုပ်ပွနေကာ အိပ်ချင်မူးတူးရုပ်လေးဖြင့် ပြုံးနေပုံက ချစ်ဖွယ်အတိ.. ဦးတည်မြဲစေသော်မှာတော့ ရင်ဘတ်ကိုလက်ဖြင့်အသာဖိကာ...

" ဒီကလေးကတော့.. "

ဒီဒေးမှာ ပြုံးလျက်နှင့်ပင် ဗီဒိုရှေ့သို့သွား၍ အောက်ဆုံးအဆင့်မှ သကြားလုံးဘူးကိုထုတ်ယူလာသည်။ ဦးတည်မြဲစေသော် ထိုင်ခုံတွင်ပြန်ထိုင်နေခြင်းဖြစ်ရာ သကြားလုံးဘူးကိုကိုင်ထားသူက သူ့အရှေ့သို့ရောက်လာသည်။

ဒီဒေးဆိုသည်က သကြားလုံးကိုဘယ်သောအခါမှ ကိုယ်တိုင်ဖောက်မစားသည့် ကလေးကြီးပင်.. ဦးတည်မြဲစေသော် သကြားလုံးတစ်လုံးကိုယူကာ ဖောက်လိုက်သည်နှင့် ဒီဒေးမှာခါးလေးကိုင်းလျက် ပါးစပ်ဟပေးလာသည်။

ပါးစပ်ထဲသို့ထည့်ပေးလိုက်သည်နှင့် ဒီဒေးမှာသကြားလုံးဘူးကို ဗီဒိုထဲသို့ပြန်သွားထည့်သည်။ သကြားလုံးဘူးကလည်း သူ့အပိုင်ကိုဖြစ်လို့...

" နေ့လည်ကဟင်းတွေကျန်သေးတယ်မလား "

" နည်း.. နည်း "

" အင်း.. ထပ်မချက်နဲ့တော့ "

" ဟုတ် "

ဒီဒေးမှာ ဦးတည်မြဲစေသော်၏အနောက်သို့သွားလိုက်သဖြင့် သူလှည့်ကြည့်လိုက်ခြင်းဖြစ်ရာ ဒီဒေး၏လက်တို့က သူ့ပုခုံးပေါ်တွင်နေရာယူလာသည်။

တစ်ခါတုန်းက... [ Ongoing ]Where stories live. Discover now