" ဒီဒေး !! "" တင်..တင်ပါ့ "
" ဒီနေ့ သူကြီးအိမ်ဘေးမှာ မြို့ကနေတာဝန်ကျတဲ့ ဆရာဝန်အတွက်အိမ်ဆောက်လိမ့်မယ်ကွ! သွားကူပေးလိုက်ပါဦး! "
" တင်..တင်ပါ့.. တ..တပြည့်တော်.. သွား..သွားလိုက်..ပါ့မယ်..ဘု..ဘုရား "
ဒီဒေး လုပ်လက်စအလုပ်တို့အား လတ်စသတ်ကာ ပုဆိုးကိုပြင်ဝတ်၍ ရွာလယ်လမ်းအတိုင်း သူကြီးအိမ်သို့ထွက်လာခဲ့လိုက်သည်။
" ကြီး..ကြီးတင့်! "
" ဒီဒေး ပါလား.. အဲ့တာဘယ်တုန်းကွဲ့ ! "
" သူ..သူကြီး..အိမ်..ဗျ! ကြီး..ကြီးတင့်ကော..ဘယ်..ဘယ်လည်း.. "
" ရွာလယ်ကဒေါ်ပု အိမ်ကိုမြေပဲတွေသွားပို့မလို့.. "
" ကျုပ် သယ်..သယ်ပေးမယ် "
ဒီဒေးက ထိုသို့ဆိုကာ ကြီးတင့်၏ခေါင်းပေါ်ရှိ မြေပဲတောင်းကိုယူကာ ပုခုံးပေါ်ထမ်းတင်လိုက်သည်။
ရွာလယ်လမ်းအတိုင်းလျှောက်လာကြရင်း ရွာလယ်တွင်တည်ရှိနေသော ဒေါ်ပု၏အိမ်သို့အရောက်တွင် ကြီးတင့်မှာ ရှေ့မှဝင်သွားခြင်းဖြစ်ရာ ဒီဒေးနောက်မှလိုက်ဝင်လျက် ကွပ်ပျစ်ပေါ်သို့ မြေပဲတောင်းကို ချလိုက်သည်။
" ဒီဒေး..ပါလား ဘယ်သွားမလို့တုန်းကွဲ့ ! "
အိမ်ပေါ်မှဆင်းလာသည့် ဒေါ်ပုကထိုသို့ဆိုကာ ဒီဒေး၏အနားသို့ရောက်လာခြင်းဖြစ်သည်။
ကွပ်ပျစ်၏တဖက်ရှိ ရေအိုးစင်တွေ ရေသောက်နေသည့် ကြီးတင့် ကရေတစ်ခွက်ကိုခပ်ယူလာ၍..
" သူကြီးအိမ်တဲ့ မပု ရေ "
ကြီးတင့်က ထိုသို့ဆိုကာ လက်ထဲကရေခွက်ကို ဒီဒေး ထံသို့ကမ်းပေးလာသည်။
" လမ်းကော မှတ်မိရဲ့လားကွဲ့ ! "
" အမယ်လေး မပုရယ် ! ဒီဒေးတို့က ကျန်တာသာ အကုန်မေ့ရင်မေ့မယ် သူကြီးအိမ်သွားတဲ့လမ်းတော့ မမေ့ဘူးတော့် ! "
ကြီးတင့် ၏စကားကြောင့် ဒီဒေး ၏နားရွက်ဖျားလေးတွေ ရဲတက်လာရသည်။
" ကျုပ်..သွား..သွားပြီ "
ဒီဒေး ကထိုသို့ဆိုကာ ခြံပြင်ကိုအလျင်အမြန်ပင် ထွက်သွားတော့သည်။
YOU ARE READING
တစ်ခါတုန်းက... [ Ongoing ]
RomanceMyanmar × BL Uni / Zaw Start Date: 6.10.2024 End Date: Photo Crd