[ ၄ ] U

929 141 62
                                    


အနီးအနားဝန်းကျင်ရှိရွာငယ်လေးများမှ လူနာများပါ လာပြသဖြင့် ဆေးခန်းမှာလူအဝင်အထွက်ပင်မပျက်ပေ.. ဒီဒေးမှာ ဘေးကနေလာရပ်ကြည့်လိုက် လူနာပြန်သွားလျှင် ရေခပ်တိုက်လိုက်ဖြင့် ချစ်စရာကောင်းနေတော့သည်။ ဦးတည်မြဲစေသော်အဖို့ ပင်ပန်းသော်ငြား ဒီဒေးကိုကြည့်၍ ပြုံးမိသည်မှာ အကြိမ်ကြိမ်ပင်...

နေ့လည်ပိုင်းရောက်သည့်အချိန်တွင် မြနှင်းမှာနေ့လည်စာလာပို့ပေးခြင်းဖြစ်ရာ နှစ်ယောက်စာစီစဉ်လာခြင်းဖြစ်သည်။ ဦးတည်မြဲစေသော် အိမ်ထဲမှမထွက်ခင် အနောက်မှဒီဒေးကိုလှည့်ကြည့်၍...

" ဒီဒေး.. မင်းကမြနှင်းကိုကြိုက်နေတာဆို "

ဦးတည်မြဲစေသော် ပြောလိုက်တော့ ဒီဒေးကခေါင်းတဆတ်ဆတ်ငြိမ့်ပြလာသည်။

" မင်းအခုသူ့ကိုတွေ့ရတော့ ပျော်လား "

ဦးတည်မြဲစေသော် ပြောလိုက်တော့ ဒီဒေးက မြနှင်းကိုတစ်ချက်လှမ်းကြည့်ပြီးနောက် ခေါင်းအသာရမ်းပြလာသည်။

" လူတွေက ကိုယ်ချစ်တဲ့သူကိုတွေ့ရင် ပျော်ကြတယ်.. အချိန်တိုင်းလည်းသူ့အနားမှာဘဲ နေချင်ကြတယ်.. "

ဒီဒေးက ကြောင်တောင်တောင်လေးဖြင့်သာ သူ့ကို ကြည့်နေသဖြင့် ဦးတည်မြဲစေသော် အပြင်ကိုသာထွက်လာခဲ့လိုက်သည်။ အဲ့လိုပြောလို့ နားလည်မှာမှမဟုတ်‌ဘဲလေ..

မြနှင်းက ဒီဒေးကိုမြင်သည်နှင့် သဘောမကျသည့်ဟန်ပြုသည်မှာ သိသိသာသာပင်..

" ဆရာလေး.. လိုတာရှိရင် အားမနာဘဲပြောပါ.. "

" ဟုတ်ကဲ့ ကျေးဇူးပါ ညီမ "

မြနှင်းက ‌တစ်ဖက်ခြံသို့သွားလိုက်ပြီဖြစ်ရာ ဒီဒေးမှာတော့ ထမင်းဝိုင်းကိုသာ အာရုံရောက်နေသည့်ဟန်...

ဦးတည်မြဲစေသော် ကွပ်ပျစ်ပေါ်တွင်ဝင်ထိုင်လိုက်ခြင်းဖြစ်ရာ ဒီဒေးမှာတော့ အိမ်အနောက်ဘက်သို့ပြေးဝင်သွားသည်။

လက်ဆေးလာသူက ကွပ်ပျစ်တွင်ကျကျနနဝင်ထိုင်ကာ ဦးတည်မြဲစေသော်ကို လှည့်ကြည့်လာသည်။

" စား..စားလို့..ရ..ရပြီလား "

" အင်း "

ဦးတည်မြဲစေသော် ၏စကားနောက် ဒီဒေးမှာဟင်းတို့အားခပ်ယူ၍ သူ့ပန်းကန်ထဲသို့ဦးစွာထည့်ပေးလာသည်။

တစ်ခါတုန်းက... [ Ongoing ]Where stories live. Discover now