''တောက်!!''
jeno ဝတ်ထားသည့်အင်္ကျီရဲ့ကြယ်သီးနှစ်လုံးလောက်ကိုဖြုတ်နေရင်း တောက်ခေါက်မိ့၏။ကျောင်းကပြန်လာတာမပင်ပန်းပေမဲ့ သူအပေါင်းအပါတွေထဲကတချို့ရဲ့ပါးစပ်ဖျားထဲနာဂျယ်မင်း နာမည်ကိုအထပ်ထပ်ကြားနေရလို့ဒေါသထွက်မိ့သည်။ဘာကြောက့်လည်း ဘာကြောင့်သူအပိုင်ကောင်လေးကိုပါးစပ်သရမ်းပြီး အဆင့်မရှိပြောနေကြရသလည်း။သူရဲ့အရင်စိတ်နဲ့သာဆို သူငယ်ချင်းတွေဘာတွေနားလည်မည်မဟုတ်ဆွဲထိုးမည်မှာဆိုပေမဲ့ အခုကဒယ်ဒီမှာထားသည့်အတွက်ကြောင့်ရော၊သူတက်လမ်းအတွက်ပါ ခနငြိမ်နေတာဖြစ်သည်။
မဟုတ်ရင် ထိုကောင်တွေရဲ့မျက်ကွက်ကိုခွေးတောင်မချီချင်တော့သည်အထိ ဆွဲထိုးပစ်မိ့မှာပင်။ဒေါသထွက်လေလေ၊သူရှေ့ဆိုငြိမ်နေသည့် ကောင်လေးရဲ့မျက်နှာကိုပြေးမြင်မိ့လေသည်။ဒီညတော့ မင်းကိုမညှာတော့ဘူးနာဂျယ်မင်း။ကြိမ်းဝါးသံတွေနဲ့အတူ jenoရဲ့မျက်နှာသည့်တင်းမာလျက်။မနက်ဖြန်ဆို သူမွေးနေ့မို့၊သူလိုချင်သည့်တစ်ခုတည်းသောအရာဟာလည်း နာဂျယ်မင်း။
**************
တစ်ပတ်ကျော်ဆိုသည့်အချိန်လေးကို ခနလေးအတွင်းဖြစ်ကျော်လာရသည်မို့ အခုဆိုဂျယ်မင်းဒီအိမ်ကြီးမှာနေနေရတာ နေသားတကျပင်။ မနက်ဖြန်အကိုလေးရဲ့မွေးနေ့မို့မွေးနေ့လက်ဆောင်ပြင်ဆင်နေသည့် Haechanအနားမှာရှိနေတာဖြစ်သည်။ပြင်ဆင်နေသည်လို့သာပြောသည်...Haechanကမုန့်ထုတ်တစ်ထုတ်ကိုကိုင်ကာစကားတပြောပြောနဲ့စားနေတာဖြစ်ပြီး သူကတော့Haechanအိပ်သည့်ကုတင်ပေါ်မှာထိုင်ကာ ခေါင်းတစ်ငြိမ့်ငြိမ့်ပင်။
''hyungက ဂျီးများတယ်၊နာရီတောင် သူကြိုက်တဲ့ပုံစံမှမဟုတ်ရင် မွေးနေ့လက်ဆောင်ပေးလည်းယူမှာမဟုတ်ဘူး''
ဖန်ဘူးအကြည်လေးထဲထည့်ထားသည့် နာရီကိုနှာခေါင်းရှုံ့ကာကြည့်၍ Haechanပြောနေပုံကဝယ်သာဝယ်ပေးရတယ် ပိုက်ဆံတော့နှမြောသည်ဆိုသည့်ရုပ်နဲ့ပင်။နောက် ထိုဖန်ဘူးလေးကိုအိတ်တစ်အိတ်ထဲထည့်ကာ စာကြည့်စားပွဲဘေးထောင်ထားလိုက်ပြီး သူကိုကြည့်၍ပြောလာသည့်Haechan။
''hyungကပါတီတော့မလုပ်လောက်ဘူး၊သူမွေးနေ့မှာဘယ်တော့မှပါတီတွေအပျော်အပါးတွေမလုပ်ဖူးဘူး၊ဒါပေမဲ့ ငါ18ပြည့်ရင်တော့ဒယ်ဒီကအိမ်မှာလုပ်ပေးမယ်လို့တော့ပြောတယ် ဟီးး အဲ့ဒီအခါကျအသေကဲပစ်မယ်''