အပိုင်း ၁

302 42 2
                                    

10.4.1990 London

ဖုန်တလိမ့်လိမ့်ထနေသည့်လမ်းသွယ်တွေ၊လူတွေဖြင့်ယောင်ယက်ခပ်နေကာကြပ်သိပ်နေသည့်လူသွားလမ်းတွေဟာ လမ်းအသွားအလာအတွက်မီးအနီပြသောကြောင့်ရပ်နေရသည့် ဇိမ်ခံကားထဲထိုင်နေရသည့်သူကို စိတ်ရှုပ်ထွေးလာစေ၏။အရင်းနှီးနေသည့် မြို့ကြီးပြကြီးမို့ရှေ့လျှောက်ဘယ်လိုများရင်ဆိုင်ရမလည်းဆိုတာတွေးရင်းတွေးရင်း ရင်ပူလာရသည်။ဆိုးဆေးတချို့ဖြင့်မှုန့်နေအောင်ခြယ်သထားသည့်အရွယ်တင်လှသည့် မိန်းမပျိုတချို့၏မျက်နှာသည်သူသုံးနေကြရောင်ခြယ်ခဲတံလေးတွေလိုပက်။အရောင်အသွေးစုံလင်လှ၏။

''hyung ကျွန်တော်တို့အဆင်ပြေပါမလား၊ကျွန်တော်ကြောက်နေသလိုဘဲ''

Markသူအနားတိုးကပ်ကာ ပြောလာသည့်ညီဖြစ်သူရဲ့စကားကြောင့်တည်ငြိမ်နေသည့်မျက်နှာသည် ပြုံးရိပ်ထင်သွားကာ သူမြင်နေရသည့်ခေါင်းလုံးလုံးလေးကဆံပင်လေးတွေကိုအသားမာတတ်နေသည့်သူလက်ဖြင့်ပွတ်သပ်ပေးကာပြောလိုက်သည်။သူလည်းဘာတွေများဖြစ်မလည်းမသိရပေမဲ့ သူညီလေးကိုတော့သူလိုအရမ်းသောကမရောက်စေချင်။နောက်ပြီး သူတို့သွားမဲ့အိမ်မှာအဖေလည်းရှိနေသည်မလား။

''အရမ်းမဆိုးရိမ်ပါနဲ့ hyungတို့သွားမဲ့အိမ်ရဲ့အိမ်ရှင်တွေကလည်းလူမျိုးခြားမဟုတ်ဘူးလို့အဖေပြောထားတယ်လေ၊အနည်းဆုံး ကိုရီးယားမှာတုန်းကလိုတော့hyungတို့ကျောင်းနားစရာမလိုဘူးပေါ့ ဟုတ်တယ်မလား''

''အွန်း ဟုတ်တယ်အဲ့ဒီသူဌေးတွေကစိတ်ကောင်းရှိမယ်ထင်တယ်ကျွန်တော်တို့ကိုတောင်မမြင်ရသေးဘူးကျောင်းထားပေးမယ်လို့ပြောတော့လေ''

''အင်း ဒါပေမဲ့hyungတော့သေချာမသိဘူးအငယ်''

သူတို့စကားပြောနေရင်းဖြင့် တလိမ့်လိမ့်မောင်းနှင်းလာသည့်ကားလေးသည် ကြီးမားပြီးမြင့်လွန်းသည့်ခြံတံခါးရှေ့ကြီးအရောက်မှာရပ်တန့်သွားလေသည်။နောက် ကားထဲကဦးလေးကြီးဟွန်းတစ်ချက်တီးလိုက်သံအဆုံး ကျွီးဆိုသည့်အသံကျယ်ကြီးတစ်ခုနဲ့အတူရင်မောဖွယ်ကောင်းစွာပွင့်ဟသွားသည့် တံခါးချပ်ကြီးတွေ။နောက် တံခါးလာဖွင့်ပေးသည့်ကောင်လေးသည်အလျှင်အမြန်ပြေးသွားသည်ကို Markအကြောင်းမဲ့စွာငေးမောကြည့်နေမိ့၏။သူဘေးထိုင်နေသည့် ညီဖြစ်သူဂျယ်မင်းကတော့ဟန်တောင်မဆောင်နိူင်စွာလှပလွန်းသည့်အိမ်ကြီးကိုမျက်တောင်မခတ်၊နှုတ်ခမ်းပါးတစ်စုံဟကာ မျက်ဝန်းလေးတွေဝိုင်းစက်လာသည်အထိတအံ့တသြငေးကြည့်နေလေသည်။ထိုအကြည့်လေးတွေကိုMarkမှာကြည့်နေရင်း ရင်ဘက်ထဲအောင့်သက်ပင်။သူတို့ဘဝက အခုလိုနေရဖို့ဆိုတာဖြစ်ကိုမဖြစ်နိုင်သည်မဟုတ်လား။

'' love in 1990 '' Where stories live. Discover now