အပိုင်း ၁၀

122 20 2
                                    

တစ်ပြိုင်နက်ထဲကြား နေရသည့်စကားသံတွေဟာ အခန်းအတွင်းထိုင်ခုံတွေမှာထိုင်နေကြသည့် လူခြောက်ယောက်စီမှမဟုတ်ပေ။ထိုစကားသံတွေဟာ မတ်တတ်ရပ်ကာစကားဆိုနေကြသည့်လူငယ်နှစ်ယောက်ဆီကသာ။တိတ်ဆိတ်နေသည့် ဟောခန်းကျယ်ကြီးရဲ့ဘေးဘက်တွင်ထိုင်ဖို့ရန်ပေးထားသည့်ထိုင်ခုံကို မျက်ကွယ်ပြုကာစကားပြောနေကြပုံကတည်တန့်၏။နှစ်ဦးသားရဲ့စကားတွေဟာ ရန်စကားတွေမဟုတ်ကြောင်း တွန့်ကြေနေခြင်းမရှိသည့် ဝတ်ရုံတွေကသက်သေပင်။

စိတ်ဝင်စားစရာကောင်းသည့်စကားမဟုတ်ဘဲ အဖြေရှာမရခဲ့သည့်မေးခွန်းဟောင်းတွေကို ပြန်လှန်ကာမေးနေသည်မို့စကားပြောခန်းဟာ ထိုင်နေသည့်လူ​ခြောက်ယောက်ရဲ့ အာရုံစူးစိုက်မှု အပြည့်ကိုရထားလေသည်။ဒါဟာ ဂုဏ်ယူစရာကောင်းသည့် ဝတ်ရုံတွေကိုဝတ်ထားကြသည့်လူတွေရဲ့အရည်အချင်းကိုဖော်ပြရသည့် ပွဲတစ်ပွဲသာသာတော့မဟုတ်။သူတို့နှစ်ဦးလုံးရဲ့စကားပြောဟန်တွေ၊လေသံသွားပုံတွေကို အမှတ်ပေးနေသူတွေသည်လည်း သက်သက်ရှိနေကြပေမဲ့ဒီဟောခန်းကြီးထဲမှာမဟုတ်ဘဲ ဟောခန်းရဲ့တစ်ဖက်အပြည့်ကာထားသည့်မှန်နံရံကြီးကနေတစ်ဆင့်ခံသာ။ဒါဟာ ဉပဒေကျောင်းသားတွေအတွက် အရည်အချင်းစစ်စာမေးပွဲတစ်ပွဲထပ်ပိုသည်မို့၊ဒီမြို့ရဲ့နာမည်ရ ရှေ့နေများကကြည့်ရှုပေးနေရခြင်းဖြစ်သည်။ဒီယှဉ်ပြိုင်မှုဟာ ပထမအဆင့်သာရှိသေးသည်ဆိုစေအုံး၊အမှတ်ပေးစည်းမျဥ်းတွေကောင်းနေမှတော်ကာကျမှာ ဟောခန်းထဲထိုင်နေကြသည့်ဉပဒေကျောင်းသားများအသိပင်။

ထိုကြောင့် သူတို့ဖြေကြားတုန်းကဟန်ပြန်တွေယိုင်နဲ့နေတာသိပေမဲ့ သူတို့ယှဉ်ပြိုင်ရခက်သည့်jenoဆိုသည့်လူကိုတော့ ဘယ်အဆင့်လောက်အထိတက်လာမလည်းသိချင်၍ ရင်တထိတ်ထိတ်ဖြင့်နားထောင်နေရခြင်းသာ။သူတို့ကြည့်နေရင်းပင်
မတ်တတ်ရပ်ကာ ဟန်အမူအရာတစ်ခုတစ်လေမှမရှိသည့်လူတစ်ယောက်ရဲ့ အသံသည်ဟောခန်းအတွင်း ဖြန့်ကျက်သွားလေသည်။

''ဒီအမှုကို Mr.will ဘက်ကနှစ်ဦးနှစ်ဘက်မှားလို့ဖြစ်ခဲ့တဲ့ကိစ္စလို့ဆိုချင်နေတာပါလား''

ထိုသို့မေးလိုက်ဟန်သည် တစ်ဖက်သားအပေါ်အမြင်ဖြင့်ဆုံးဖြတ်ဖို့ရန်မေးလိုက်သည့်ပုံ။မေးလိုက်သည့်မေးခွန်းဟာ ထိရောက်သွားပုံရကာ တစ်ဖက်ကသူမှာစက္ကန့်ပိုင်းလောက်တိတ်သွားပြီးမှ စကားပြန်ဆက်လေသာ်။ထိုကြောင့် jenoအခုအခြေအနေမှာ သူဘက်ကလည်းထိုသို့မေးခွန်းတိုင်းကို တုန့်ဆိုင်းမနေလို့ဟန်ဖြင့်အခြားအကြောင်းအရာများကိုခနမေ့ထားခဲ့တာဟာ ဒီဟောခန်းထဲကိုမဝင်ခင်ကတည်းကပင်။

'' love in 1990 '' Where stories live. Discover now