''ဘာတွေ တစ်ယောက်တည်းကြိတ်လုပ်နေရတာလည်း''Markသူဘေးဝင်ထိုင်ကာ စုံထောက်လေးလိုမေးလာသည့်ကောင်လေးရဲ့စကားကြောင့် ထိုအကောင်ပေါက်လေးမျက်နှာလေးကို ကြည့်လိုက်မိ့၏။ကျောင်းပိတ်ရက်မို့ နေစောင်းသည်အထိအိပ်ထားသည့် ကောင်လေးရဲ့မျက်ခွံလေးတွေမို့တက်နေပုံက မျက်မှန်ဝိုင်းလေးတပ်ထားသည်တောင် Markမြင်နေရသည်။သို့သော် စကားနည်းသူပီပီသူဘေးကကောင်လေးအမေးကိုတော်ယုံ ပြန်မဖြေပေးမိ့။ထိုအစား ထိုကောင်လေးမျက်နှာကိုသာငေးစိုက်ကြည့်နေမိ့သည်။
''စကားနည်းနေတာမကောင်းဘူးနော်၊ခင်ဗျားကဂစ်တာတီးနည်းလည်းသင်ပေးသေး ပျင်းစရာကောင်းအောင်တွေဘဲသိပ်လုပ်နေတော့ချန်းမှာ ဆက်ပြီးသင်ချင်စိတ်တောင်ပျောက်ချင်ချင်''
''သခင်လေးက ကျွန်တော်ကိုပျင်းစရာတစ်ခုအနေနဲ့တောင်သတ်မှတ်လိုက်ချေပြီဘဲ''
''အော်...စကားအဖြစ်ပြောတာပါ၊ခင်ဗျားစကားများရင်သိပ်ကောင်းမှာဘဲ၊နောက်ပြီး အမြဲပြုံးနေရင်ရောဘဲ''
မျက်မှန်လေးကိုပင့်ကာ သူကိုမကြည့်ဘဲပြောလာသည့်ကောင်လေးစကားကအဆုံးသတ်ရောက်ခံနီးမှ တိုးချသွား၏။ထိုအသံလေးဘဲတိုးသွားသလားဆိုရင်လည်းမဟုတ်၊သူကြည့်နေသည့် ကောင်လေးရဲ့ပါးမို့မို့လေးသည်လည်းအသားညိုသူမို့သိပ်ကာမသိ့သာပေမဲ့ ရဲတက်နေချေသည်ါထိုကြောင့် Markလက်ထဲကကပ်ကြေးကို အကြောင်းမဲစိုက်ကြည့်ကာပြောလိုက်သည်။
''ဒီနေ့ကို ကျွန်တော်နဲ့အတူအချိန်ဖြုန်းချင်လား သခင်လေး''
Haechanသူမျက်ဝန်းတွေကို တောင်းဆိုဟန်တွေအပြည့်ဖြင့်ပြောလာသည့်လူကြောင့် ရင်ထဲပန်းတွေထပွင့်လာရသည်။ကြိတ်သဘောကျနေရသည့်လူဆီက အခုလိုမျိုးခွင့်တောင်းခံနေရတော့ Haechanမှာမူတောင်မမူထားနိုင်တော့။ဘယ်အချိန်ကတည်း သဘောကျမိ့သွားသလည်းဆိုတာတောင် Haechanသူကိုယ်သူမသိ။ သူဘေးကလူရဲ့မျက်ဝန်းစိမ်းဖန်ဖန်တွေကို ရင်ခုန်နှုန်းတွေမြင့်တက်လာသည့်ကြားကစိုက်ကြည့်၍ ပြောလိုက်၏။
''ခင်ဗျားက တောင်းဆိုတော့ချန်းကလက်ခံပေးရတာပေါ့''
''ကောင်းပြီဗျာ....ဒါဆိုအရင်ဦးဆုံးနောက်ဘက်ဘေးကဉယျာဉ်လေးဆီသွားကြရအောင်၊မိုးရာသီကူးတော့မှာမို့ ပန်းလေးတွေပေါင်းသန့်ပေးရအောင်''