ဂစ်တာ ကြိုးညှိနေသည့်သံစဉ်တစ်ခုကို Haechanကြားလိုက်ရသောကြောင် ေအောက်ထပ်ကိုခိုးဆင်းလာရင်းကနေ ခြံထဲကိုသူခိုးလေးလိုဆင်း၍ကြည့်မိ့၏။ခြံထဲက အလှစိုက်ထားသည့်မြက်ခင်းပြင်စိမ်းစိမ်းပေါ်ထိုင်ချကာဂစ်တာကိုရင်ဘက်ထဲထည့်၍ သံစဥ်တစ်မျိုးမျိုးကိုတီးခတ်ဖို့ပြင်နေသည့်လူ။ထိုလူသည် အခြားသူတော့မဟုတ်သူဘေးအခန်းမှာနေရသည့် Lee Markဆိုသည့်လူပင်။ထိုလူရုပ်ကအရမ်းတည်လွန်းနေတာကြောင့် စ,တွေဖူးသည့်အချိန်ကတည်းက Haechanအမြင်ကပ်တာဖြစ်၏။အခုတော့ သူတောင်မတီးတတ်သည်ဂစ်တာကိုတီးခတ်နေပုံက ကြည်ကောင်းသည်လို့ပြောလို့ရသည်မို့အနားကိုသွားထိုင်လိုက်ချင်သည်။ခြံဝန်းထဲ လင်းနေအောင်ဖွင့်ထားသည့်မီးတွေကြောင့် ထိုလူရဲ့ဆံပင်တိုတွေနဖူးပြင်ပေါ်ဝဲကျနေသည်ကို ရှင်းလင်းစွာမြင်နေရ၏။Haechanမှာတပ်ဆင်ထားသည့် မျက်မှန်ဝိုင်းလေးကိုတစ်ချက်ပင့်တင်၍ အိမ်စီးဖိနပ်တောင်စီးမနေတော့ဘဲပုံမှန်ခြေလှမ်းတွေဖြင့် ဂစ်တာပေါ်အာရုံအလုံးစုံရောက်နေသည့်လူအနား လျှောက်သွားလိုက်သည်။ထိုင်စရာခုံတွေခြံဝန်းထဲရှိပါလျက် မြက်ခင်းပြင်ပေါ်သက်တောင့်သက်သာထိုင်နေပုံက လွတ်လပ်၏။
''အဟမ်း!''
Mark သူရှေ့လာရပ်သည့်ခြေစုံလေးကိုတွေ့နေရသည်ဆိုပေမဲ့ မော့မကြည့်မိ့။သူသတိမမူမိ့သလို ပုံမှန်လိုသာနေနေတော့ထိုကောင်လေးသည် သည်းခံမထားချင်ပုံရကာချောင်းကို ဟန့်ပြလေ၏။မော့မကြည့်လည်း ထိုကောင်လေးဆိုတာသိနေရသည်ကသူနှာဖျားထဲတိုးဝင်လာသည့် ချိုအိ့အိ့စပျစ်သီးရနံ့လိုကိုယ်သင်းရနံ့လေးကြောင့်ပင်။ထိုအနံ့လေးက သူလိုအချိုမကြိုက်သူအတွက်တောင် ကြိုက်နှစ်သက်နိုင်သည့်အနံ့လေးသာ။သို့သော် သူစကားစ,မပေးမချင်းရှေ့မှာရပ်နေအုံးမည်လို့ထင်ရသည့်ကောင်လေးကြောင့် Markဂစ်တာကြိုးညှိနေရင်းကနေ ပြောလိုက်သည်။
''သခင်လေးဒီနေရာမှာကျွန်တော်ကိုမထိုင်စေချင်ရင် ထသွားပေးနိုင်ပါတယ်၊မပြောဝံ့သလိုတော့ရပ်မနေပါနဲ့''
''ခင်ဗျားစကားတွေကလည်း စိတ်တိုချင်စရာကောင်းလိုက်တာ၊လူက စိတ်ဝင်စားလို့လာကြည့်တာကို''