အပိုင်း ၅

183 24 4
                                    


ဇွန်းသံတွေတောင်မကြားရသေးသည့် မနက်စာထမင်းဝိုင်းမှာHaechanယောင်လည်လည်ပင်။သူရှေ့မျက်နှာချင်းဆိုင်မှာထိုင်နေသည့်Lee Markဆိုသူရဲ့ မညိုမဖြူမျက်နှာသည် အိပ်ယာထပြီးမကြာသေးသည်မို့ကြည်လင်နေချေ၏။ဘာတစ်ခုမှမပါသေးသည့် ဇွန်ကိုသွားဖြင့်ကိုက်ကာ စာအုပ်တစ်အုပ်ကိုဂရုတစိုက်ဖတ်နေပုံရသည့်Lee MarkကHaechanအတွက် ဒီနေ့ရဲ့မနက်စာဝိုင်းမှာစိတ်ဝင်စားမှုအခံရဆုံးအရာပေလား။ထိုအချိန် သူကိုဆက်ကနည်းကြည့်လာသည့်မျက်ဝန်းစိမ်းတွေကြောင့် သွားဖြင့်ကိုက်ထားသည့်ဇွန်းကြီးကို မလွှတ်မိ့ဘဲခေါင်းကိုငုံ့ချလိုက်မိ့သည်။ရှက်လိုက်တာလို့လည်း Haechanအကြိမ်ကြိမ်စိတ်ထဲရေရွတ်နေမိ့၏။

ဘာလို့မနက်စာဝိုင်းမှာအကုန်လုံးထိုင်နေပေမဲ့ အစားအသောက်တစ်ခုကိုမှမထိရသေးသည်က လူမစုံသေးလိုပင်။ထို လိုနေသေးသည့်လူကလည်း အပေါ်ဆုံးထပ်မှာနေသည့် ကိုတော်ချောကြောင့်သာ။Haechan ရှည်လျားလွန်းသည့်လှေကားရှည်ကိုကြည့်ကာ စိတ်တောင်မရှည်ချင်တော့။ဗိုက်ဆာလွန်းလို့တောင် နိုးစက်မမှီခင်အမြန်ထ၍အမြန်ပြင်ဆင်ကာအစောကြီးကတည်းက မနက်စာဝိုင်းမှာထိုင်နေရတာနာရီဝက်ပင်ရှိနေပြီပင်။စားပွဲထိပ်တည်တည်တွင်ထိုင်နေသည့် ဒယ်ဒီသည်လည်းနာရီတကြည့်ကြည့်။သူဘေးထိုင်နေသည့် ဂျယ်မင်းဆိုသည့်တစ်ယောက်ကတော့ကိုယ်လက်သည်းကိုယ်ပြန်ငုံ့ကြည့်ကာငြိမ်နေလေသည်။ထိုကြောင့် Haechanသူဘေးထိုင်နေသည့် ဂျယ်မင်းရဲ့ပခုံးလေးကိုခပ်ဖွဖွတိုက်ကာ လေသံတိုးဖြင့်ပြောလိုက်၏။

''မင်းဗိုက်မဆာဘူးလား ဂျယ်မင်း''

''ဟင်''

Haechanသူကို ခပ်ကြောင်ကြောင်မျက်ဝန်းဝိုင်းတွေဖြင့်ပြန်ကြည့်ကာ ဟင်ဆိုသည့်အသံကိုသာပြုသည့်ဂျယ်မင်းကြောင့် ရင်လေးမိ့၏။ဒီလိုထုံအ,နေရင် သူအကိုဖြစ်သူရဲ့ဂတွင်းဝထဲ သိပ်မကြာခင်ရောက်ကုန်တော့မှာပင်။ထိုကြောင့် Haechanတပ်ထားသည့်မျက်မှန်ဝိုင်းလေးကို တစ်ချက်ပင့်တင်ကာပြောလိုက်သည်။

''ဗိုက်ဆာလားလို့မေးနေတာ....မင်းသိပ်နှေးတာဘဲဂျယ်မင်း''

''ဟို...ဗိုက်ကအရမ်းမဆာသေးပေမဲ့ဆာတော့ဆာနေပြီရယ်''

'' love in 1990 '' Where stories live. Discover now