အပိုင်း၄ (သာဒင်၏ အရွဲ့တိုက်ခြင်း)

432 36 2
                                    

ဟတ်နွား!....သွားစမ်း...

ချလွင်...ချလွင်...

ယောက်ဖလောင်းလေးကို ရွဲ့ချင်စောနဲ့
သာဒင်ဟာ နွားလှည်းကို ဆိုင်ကယ်တွေမောင်းသလို အသားကုန် နွားတွေကို တဝုန်းဝုန်းရိုက်ပြီး မောင်းလေသည် အမြင်မတော်တော့တဲ့
ကြာဖြူသွယ်က မောင်ဖြစ်သူကို ဝင်ထိန်းရတော့သည်

'' ဟတ်...သာဒင် ဖြေးဖြေးမောင်းပါဟဲ့
ကောင်းကင်က အခုမှစစီးတာလေ
သူလန့်ဖြန့်.... အမလေး! ''

'' ကြာဖြူရေ! ငါမသေချင်သေးဘူး!! ''

'' ဇောက်ဘုတ်တွေပြုတ်ဟ! ဟေ့ကောင်
ဇီးပြား! ''

ပြောလေ ပိုဆိုးလေ လုပ်နေသည့်သာဒင့်ကြောင့် ပိုမဆိုးဖို့အတွက် ကြာဖြူဆက်မပြောတော့ နောက်ကနေလိုက်ပါလာတဲ့
ပြူးကျယ်နဲ့ဂွေးသီးတို့မှာလဲ ပုဆိုးတွေ ကျွတ်မတက် ကြာဖြူကတော့ ဘေးလှည်းတိုင်ကိုတင်းနေအောင်ကိုင်ထားသည်
မိုးကောင်ကင်ဆိုသည့် ​သာဒင်ရွဲ့နေတဲ့
ကောင်လေးကတော့ မျက်လုံးနှစ်ဖက်ကိုစုံမှိတ်ပြီး လှည်းကို ဖက်လုံးကြီးနဲ့နင်လား ငါလား နေအောင် ခြစ်ကုပ်ဖက်ထားလေသည်
သုံးယောက်စလုံး ဖင်တွေလဲတမြောက်''နဲ့
အများအမြင်မှာ ရယ်စရာပုံသဏ္ဍန် ဖြစ်နေသည်

ဝမ်းဘဲ.......

လှည်းကြီးကို ချက်ချင်းထိုးရပ်ပစ်လိုက်တဲ့
သာဒင့်ကြောင့် ချက်ချင်းဝုန်းခနဲရပ်သွားတဲ့
လှည်းကြီးက မြောက်တက်သွားလေ၏
နောက်ကနေပါလာသည့် လူသုံးယောက်ဟာလဲ မသေရုံတမယ်အသံနဲ့ အယောင်ယောင်အမှားမှားတွေ ထယောင်ကြ၏

'' အား! ဇောက်ဘုတ်တွေလေပေါ်ပျံကုန်ပြီ!! ''

'' အမလေး ဇောက်ပက်! ''

'' ကုလားမနဲ့ကြွ! ''

သာဒင်ကတော့ အရေးမလုပ်ပဲ လှည်းနားရောက်လာသည့် ရေအိုးလေးတွေကိုခေါင်းပေါ်တင်ကာ လျှောက်လာတဲ့ အပျိုဖြန်းလေးအုပ်စုကို ကျီစယ်မူစလေသည်

'' ဝေ့.....မဂျမ်းပုံတို့ ဘယ်တုန်းဗျ ''

'' အလို...ရေအိုးကြီးရွက်ထားတာမြင်ရဲ့သားနဲ့ ဘယ်ကိုလဲဆိုတော့ သွားရွမလို့ဟေ့ သွားရွမလို့..''

သူကြီးသားနဲ့သူ၏ချစ်သော/သူကြီးသားနဲ့ သူ၏ချစ်သော Where stories live. Discover now