ဝုန်း!'' အောင်မလေးဗျ! ''
ဝုန်းဆိုသည့်အသံနဲ့အတူ ကုတင်အောက်သို့
ခွေးကျဝက်ကျ ကျသွားတဲ့ သာဒင်။'' မြို့ကြီးသား ကျုပ်ကိုဘာလို့ကန်ချတုန်း
အားရိုးရိုး....နာလိုက်တာဗျာ '''' ခ...ခဗျားက ကျွန်တော့်ကိုအတင်းကြီး
ဖက်ထားတာကိုး တွန်းမရလို့ ကန်လိုက်တာ '''' ဟာဗျာ.... ကျုပ်ဖက်ထားတာခဗျား
ဖက်ခိုင်းလို့လေ မမှတ်မိဘူးလား '''' မဟုတ်တာတွေ! ''
'' ကျုပ်ပြန်ပြောပြမယ် သေချာနားထောင်
မနေ့က ညနေက......''မနေ့ကညနေ ထန်းတောထဲတွင်>>>>>
'' မြို့ဂျီးသား ပြန်ရအောင် အေ့..''
'' ပြန်ပူး! ''
'' ဟ...မပြန်လို့ရမလား မြို့ကြီးသားရ
မှောင်ရီပျိုးတော့မယ် '''' ပျိုးဂျင်ထာပျိုး ''
'' ဟာ ဒီမြို့ကြီးသားနဲ့တော့ ခက်ပြီ ''
'' နောက်တစ်အိုးးးးးးး''
'' မရဘူး! မသောက်နဲ့တော့ နောက်တစ်ခါ
ခဗျားကိုဘယ်တော့မှ ထန်းတောထဲမခေါ်ဘူး''မရဘူး မသောက်နဲ့ဆိုလို့ သာဒင့်ကို
ပြန်ကြည့်လာပုံက အမဲကောင်ကို အပြတ်ဖျက်တော့မည့် မုဆိုးပုံစံနဲ့တစ်ထရေရာထဲ။'' မထူးတော့ဘူး မြို့ကြီးသားရေ
လာလေရော့ ''ဘုကြည့် ကြည့်နေသူက ထန်းရည်အိုးနဲ့
သူ့ခေါင်းကိုရိုက်မခွဲလာခင် အရင် သူက
မြို့ကြီးသားကို ဒူးချိုးလေးကနေကောက်ပွေ့ချီလိုက်လေသည်။ ကျောကုန်းပေါ်တင်လျှင် သူ့အတွက်စိုူရသည်မလား။ အမှတ်မထင် ဆံပင်မွှေးတွေ တမွှေးမကျန်ဆွဲနူတ်နေကာမှ ဟုတ်ပေ့တွေဖြစ်နေပေဦးမည်။လေလေးတဖြူးဖြူးနဲ့အပြန်လမ်းမှာ
လူကိုယ်တိုင်လဲယိုင်နေပေမဲ့ မြို့ကြီးသားကို
ငါချီထားတယ်ဆိုတဲ့စိတ်ကလေးနဲ့ ရအောင်လျှောက်လာခဲ့လေပြီ။ မြို့ကြီးသားဟာလဲ
ဆိုလိုက်တဲ့သီချင်းဆိုတာ တစ်လမ်းလုံး
နားတွေကိုအူလို့။ တစ်ပုဒ်ထဲဆိုသည်လဲမဟုတ် ဆယ်ပုဒ်လောက်ကို တပုဒ်ထဲစီက
တကြောင်းစီသာ ဆိုနေတာ။