မိုးကောင်းကင် မျက်နီကွင်းကျေးရွာကို
ရောက်ရှိနေတာ တစ်ပါတ်ပြည့်ခဲ့ပြီ။
တစ်ပါတ်အတွင်း ရွာ၏တည်ဆောက်ပုံနဲ့
ရွာသူရွာသားများထံမှ စိတ်သဘောထားနဲ့
သင်ယူစရာများကိုပါ လေ့လာခဲ့ရသည်။
ယနေ့သည်ကား မိုးကောင်ကင်နဲ့အတူ
ကြာဖြူသွယ်တို့ ရန်ကုန်မြို့ကြီးကို ပြန်ရမည့်နေ့.........'' ကောင်းကင်ရေ ရေမိုးချိုးပြီး အဆင်သင့်ပြင်ထားတော့ ငါဂျမ်းပုံတို့ကို
သွားနူတ်ဆက်မလို့ '''' အေးပါဟ ''
တစ်ပါတ်ထဲပဲ ရွာအတွင်းရှိခဲ့ပေမဲ့
သံယောဇဥ်တွယ်မိပါတယ်။
မိုးကောင်းကင် ဒီရွာလေးကိုအလွန်ပင်သဘောကျပါတယ်။ ဒီလိုခေါင်ပါးတဲ့ရွာလေးမှာ အခုလို ဆရာဝန်လောင်းတစ်ယောက်အနေနဲ့ လာလေ့လာပြီး ဆေးခန်းဖွင့်လှစ်ရမယ့်အတွက်လဲ သူသိပ်ကိုပျော်တာပေါ့။'' မြို့ကြီးသား~~''
နား၏ အဖျားပိုင်းလေးအနားကို ကပ်ပြီး
ခေါ်လိုက်သည်ကြောင့် မိုးကောင်းကင်
ကြက်သီးမွှေးညှင်းတွေ ဖြန်းခနဲထသွားရသည်။ သူ အမှန်တိုင်းဝန်ခံရမည်ဆိုလျှင်
သံယောဇဥ်တွယ်မိသည်ထဲမှာ သာဒင်ဆိုတဲ့လူ ထိပ်ဆုံးကကို ပါဝင်ပါသည်။
မနေ့က...ထိုလူ...ထိုလူက...သူ့ကို.....'' ခေါ်နေတယ်လေ~~ ''
အသံတမင်တကာကို ရုံးပတီသီးဆားသိပ်ထားသလို မချွဲမငံ အသံနဲ့ပြောနေခြင်း။
'' ပြောပါ ကိုသာဒင် ''
'' ကျုပ်ကို ထားသွားတော့မယ်ပေါ့လေ ''
ပြောလဲပြော ကောင်းကင်ရဲ့ လက်ကလေးကို
သူ့လက်ကြီးနဲ့ဆုပ်ကိုင်လိုက်ပြီး ကောင်းကင်မျက်ဝန်းပြာလေးတွေကို သေချာကိုကြည့်နေလေတယ်။'' ခဗျားရဲ့ ဘယ်ဘက်မျက်ဆံလေးအောက်က မှဲ့အနက်လေးက သိပ်ကိုလှတာပဲ ''
'' ယောကျာ်းလေးတစ်ယောက်ကို
လှတယ်လို့ခေါင်းစဥ်တပ်တာ ရိုင်းရာကျပါတယ် ကိုသာဒင် '''' ဒါဆို မက်မောစရာကောင်းတယ်ပေါ့ခဗျာ ''
ယောကျာ်းလေးနှစ်ယောက်ကြားကအချစ်ဟာ ဘယ်လိုအချစ်မျိုးလဲ တကယ်ပဲရှိနိုင်ရဲ့လား စိတ်စမ်းချင်ယုံသက်''လားဆိုတာ
ကောင်းကင်မသိပါ။ ဒါပေမဲ့....သူရန်ခုန်မိနေတယ် ဒီလူကို... သာဒင် ဆိုတဲ့ထိုလူကို။
ရန်ကုန်မြို့ကြီးရဲ့ ချောပေ့လှပေ့ဆိုတဲ့
အမျိုးသမီး မိန်းမလှလေးတွေ တစ်ဦးတစ်ယောက်ကိုမှ ရင်မခုန်ခဲ့ဘူးတဲ့ မိုးကောင်းကင်က အခုတော့ မျက်နီကွင်းကျေးရွာက
သူကြီးသား ဇီးပြားကို ရင်ခုန်မိနေပါသည်တဲ့။