အပိုင်း၃ (စတင်တွေ့ဆုံခြင်း)

175 6 0
                                    

'' ဟတ်နွား! သွားစမ်း ''

ဂတောက်.....ဂတောက်....

'' ဇီးပြား မင်းအမနဲ့အတူ မြို့သူလေးပါလာမယ်တဲ့ကွ ရန်ကုန်မြို့ကြီးက မြို့ကြီးသူလေးကို မြင်ချင်စမ်းပါဘိကွာ....''

'' ဟုတ်တယ်ငါ့ကောင် ဇီးပြားရေ ငါတို့ရွာက
အပျိုလေးတွေတောင် အိုးတွေအတော်ကြီးတာ မြို့ကြီးသူလေး အိုးသာဆိုကွာ... ရှလွတ် ''

'' မင်းတို့ဆိုသည်မှာလဲကွာ တဏာရူးနှာဘူး
ထဖို့ပဲသိကြတယ်.... ''

'' အောင်မာ! အပျိုမှန် ဘယ်သူမှ လွှတ်မပေးတဲ့ကောင်ကများကွာ ငပြူးကများပြဲရတယ်ရှိသေး ကြားတောင်မကြားဘူးပေါင်...''

'' ဧကန...သူကြီးသမီး ခင်မူံ လက်စအတော်ပျင်းပုံပဲ ပြူးကျယ်ရေ ဇီးပြားကိုတောင်
ရူးသွားအောင်လုပ်နိုင်လိုက်ပုံပဲကွ ''

'' ဟားဟား! '' +3

'' ဒီကောင်တွေတော့ ငါ့ကိုဖဲ့ဖို့များမွေးဖွားလာကြလေသလားဟေ့ ''

နွားလှည်းလေးပေါ်မှာ ဇီးပြားနဲ့အတူ ပြူးကျယ်နဲ့ ဂွေးသီး တို့ပါ လိုက်လာသည့်အတွက် ဇီးပြားတစ်ယောက် မပျင်းရပေ
စကားလေးပြောလိုက် စလိုက်နောက်လိုက်နဲ့ပဲ မြို့လယ်ချောင်းကို ရောက်သွားကြလေသည်

'' ဇီးပြား ဟိုးးအရှေ့က ခင်ပျိုမေလေးတစ်ယောက်နဲ့ ယောကျာ်းသားတစ်ယောက်မှာ
အဲ့ဒီအပျိုလေးက မင်းအမနဲ့အတော်တူတယ်နော်... ''

'' ဟေ့ကောင် ပြူးကျယ်ရ မကြာဖြူ က
ယောကျာ်းသားတစ်ယောက်နဲ့အတူ ရွာကိုပြန်လာပါ့မလားကွ သူဟာသူကြီးသမီးတစ်ယောက်လေ သူ့သိက္ခာနဲ့ သူကြီးရဲ့သိက္ခာကိုတော့သူ တန်ဖိုးထားတဲ့သူပါဟ ''

'' မြို့ကြီးပြကြီးကနေ လင်များခိုးလာသလားကွာ ''

'' ဟေ့ကောင်ပြူးကျယ် မင်းပါးစပ်ပိတ်ထားစမ်းပါကွာ မူးနေလဲ ဇီးပြားက မင်းကို နွားချတဲ့ ကြိမ်လုံးနဲ့ ဆော်နေမယ်ကွ ''

ဇီးပြားတိတ်ဆိတ်မိသွားသည် ထိုအမျိုးသမီးတို့ရှိနေရာက သူတို့နဲ့အနည်းငယ်လှမ်းသေးပေမဲ့ မူံဝါးဝါးလှမ်းတွေ့နေရပုံအရ ကြာဖြူဖြစ်နိုင်ချေက 99ရာခိုင်နူန်း သူမရဲ့ဘေးမှာတော့ ခပ်သေးသေး ကောင်ငယ်လေးကိုမြင်နေရသည် ကောင်လေးက အရပ်ကအရမ်းမပုပေမဲ့ သာဒင်တို့လို တောသားတွေနဲ့ယှဉ်ရင်တော့ အတော်လေးကိုပုတယ်ပြောရမည်
အဝေးကနေကြည့်တာတောင် အသားအရေလေးဖြူတာကို လှမ်းမြင်နေရသည်အကယ်၍ သူ့အမ ကြာဖြူသာ တကယ်ပဲ လင်ယူလာခဲ့တယ်ဆိုလျှင် ရွာထဲမှာ သူ၏အမေနဲ့အဖေက
မျက်နှာပင်ပြရဲတော့မည် မဟုတ်
ရင်တထိတ်ထိတ်နဲ့ပဲ သွားလေရင်း''
ထိုနေရာကိုရောက်ရှိလို့သွားတော့သည်

သူကြီးသားနဲ့သူ၏ချစ်သော/သူကြီးသားနဲ့ သူ၏ချစ်သော Where stories live. Discover now