အပိုင်း၂ ( သူကြီးသမီးပြန်လာပြီ)

491 29 2
                                    

'' အဲ့ဒါပဲ သူကြီးကတော်ရေ ''

'' အမလေးတော်! အဲ့ဒီမိန်းကလေးက
ငါ့သားလေးကို ခုလိုထိအောင်ရိုက်ခွဲသွားတယ်ပေါ့လေ ဒင်းတွေ့မယ်! မိတင်အကြောင်း ကောင်းကောင်းသိစေရမယ် ''

'' သူကြီးကတော်ကလဲ သူကြီးကတော်ရဲ့သားက စမှားတာလေ ''

မနေသာတော့တဲ့ ရွာ၏ အပျိုမလေးတွေက
ဝင်ပြောတော့သည်..။

'' အလို...ငါ့သားဘက်က စမှားလဲ ဒင်းက
ဒီလောက်ထိ ပိုးမွေးသလိုမွေးထားတဲ့ ငါ့သားလေးကိုလုပ်စရာလို လို့လား ကျုပ်ရွာလာပြီး
ကျုပ်သားခေါင်းကိုရိုက်ခွဲသွားတာလေ ''

'' အမလေး သူကြီးကတော်ရယ် သာဒင်က
ခင်မူံကိုအရင် သားပြောမယားပြော ပြောလို့
ခင်မူံက ကျောက်တုံးနဲ့ကောက်ထုလိုက်တာ
ကျုပ်တို့တွေအကုန်အဲ့ဒီနေရာမှာရှိတယ် ''

'' ဟုတ်တယ် '' +5

'' ဟုတ်တယ်သူကြီးကတော်ရေ ကျုပ်တို့တွေရေခပ်နေတုန်း ခင်မူံကပါရောက်လာတာ
သူကြီးကတော်ရဲ့သားကိုက ဆိုးသွမ်းလွန်းနေတာပါ တော်..''

ထိုနေရာမှာရှိခဲ့သည့် အပျိုလေးတွေကလဲ
ဘက်လိုက်လွန်းသည့် ရွာသူကြီးမိန်းမ ကို ရှေ့ထားပြီး အတင်းတုပ်သူက တုပ် .ဝင်ပြီးခင်မူံဘက်ကပါပေးသူကပါပေးနဲ့ရူပ်နေကြ၏..။

'' အမလေး မိဂျမ်းပုံတို့ ညီးတို့က ငါ့ရွာကလေ
ကိုယ့်ရွာမှာနေပြီး သူများရွာကသူကို ကာကွယ်ပေးနေရလား ဟဲ့ကောင်မတွေရဲ့! ''

'' အို...ကိုယ့်ရွာသားဖြစ်လဲ မှန်တဲ့ဘက်ကနေလိုက်ရမှာပဲလေ ''

'' အမလေး ညီးတို့ကအခုမှ တရားတွေရနေကြသလား ''

'' တော်ပါတော့မေကြီးရာ ခေါင်းတွေမူးရတဲ့ထဲဗျာ ''

'' အမလေး ငါ့သားလေးရယ် ခေါင်းတွေမူးနေတယ်လား အိမ်ပြန်မယ် လာ လာ ''

သားဖြစ်သူခေါင်းကွဲသွားလို့ မျက်ရည်တွေပါကျလာတဲ့ ဒေါ်တင်တင်ထွေးက သာဒင့်(ဇီးပြား) လက်ကိုဆွဲပြီး ဦးသိန်းတန်၏ အိမ်မှ
ပြန်လာခဲ့ကြသည်...။ အိမ်ကိုပြန်ရောက်သည်နဲ့ သာဒင် ကြက်သီးကဖြန်းခနဲ.. ။

'' မေကြီး ''

'' ဟေ ''

'' ဖေကြီးရော ''

သူကြီးသားနဲ့သူ၏ချစ်သော/သူကြီးသားနဲ့ သူ၏ချစ်သော Where stories live. Discover now