အပိုင်း၁ (မွှေနိုင်လွန်းတဲ့ဇီးပြား)

1.9K 52 1
                                    

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်
မျက်နီကွင်းကျေးရွာတွင်.....

'' သူကြီးရေ! သူကြီး!! ''

'' ဟေ...ဘာတုန်းဟ စိန်သီး ရ အိမ်ပေါ်တက်လာခဲ့လေ...''

'' မတက်တော့ဘူး သူကြီးရေ
သူကြီးသားကိုလာတိုင်တာ ''

'' ဟေ... ဒီကောင်ဘာမွှေလိုက်ပြန်ပြီလဲ ''

'' ကျုပ်လယ်ထဲက ကြွက်ထောင်ချောက်ကိုယူကြီး ကြွက်တွေအကုန်ကင်ပြီး ထန်းရည်နဲ့အမြည်းလုပ်သောက်ပစ်လိုက်တယ်တဲ့လေ အဲ့ဒီကြွက်တွေရောင်းရင် ငွေ ငါးဆယ်ပြား
လောက်တော့ရတယ်ဗျ ''

'' အေးကွာ...ငါပေးမယ်ကွာငါပေးမယ် ''

'' သူကြီး! သူကြီး! ''

'' ဟေ.. မိရွှေ ''

'' သူကြီးသားနော် သူကြီးသား! ကျွန်မအိမ်က
ကြက်မကြီးကိုခိုးသွားတယ်လေ ကျွန်မယောကျာ်းကလိုက်ရှာတော့ ထန်းရည်ဆိုင်မှာ
သူကြီးသားက. .. စားနေတယ်တဲ့ ''

'' ငါ့နှယ် ဒီကောင်နဲ့တော့ကွာ..မင်းတို့ကြက်ဆိုတာ မင်းတို့ကဘယ်လိုသိတာလဲ သေချာလား ''

'' အမလေးသူကြီးရယ် အဲ့ဒီကြက်မက ကျုပ်တို့အတွက် လာဒ်ကောင်းလေးတော့် သိပ်ကိုသိတာပေါ့ သုံးနှစ်တောင်ကျုပ်တို့နဲ့ရှိခဲ့တာသူကြီးရဲ့! သူကြီးတောင်
သူကြီးမိန်းမနဲ့သူများမိန်းမ ခွဲနိုင်သေးတာပဲ ''

'' ငါ့မိန်းမက ကြက်မှ မဟုတ်တာဟ ''

'' အို...ဘာကြီးဖြစ်ဖြစ် ကျွန်မတို့ကိုလျော်ပေးပါသူကြီး! ''

'' အေးပါမိရွှေရယ် ဘယ်လောက်လျော်ပေးရမလဲ ''

'' တစ်ထောင် လျော်ရှင့် ''

'' ဟေ..မိရွှေ နင့်ဟာမများလွန်းဘူးလားဟ''

'' သူကြီးရယ် အဲ့ဒီကြက်မကိုကျုပ်ဝယ်တုန်းက နှစ်ဆယ်တောင်ပေးရတာ သုံးနှစ်ကြာပြီဆိုတော့ သူကြီးလျော်ရတာ နည်းတောင်နည်းနေသေး ''

'' အေးပါ မိရွှေရယ် ငါလျော်ပါ့မယ်ဟ ''

'' သူကြီးရေ! ''

'' သူကြီးးးးးး! ''+9

'' ဟေ....! ''

'' သူကြီးသားလေ ကျွန်မသမီးကို ရိသဲ့သဲ့
လာလုပ်နေတယ်နော် ဟင်းဟင်း! ''

သူကြီးသားနဲ့သူ၏ချစ်သော/သူကြီးသားနဲ့ သူ၏ချစ်သော Where stories live. Discover now