အပိုင်း၆ (မူးနေတဲ့မြို့ကြီးသား)

180 19 6
                                    

'' မြို့ကြီးသား...''

'' ဗျာ ''

'' စကားလဲမပြောပါလား ကျုပ်ကိုကြောက်လို့လား ဟားဟား ''

'' အဲ့...အဲ့လိုမဟုတ်ပါဘူး
မရောက်ဘူးတဲ့နေရာကို
အခုမှရောက်ဘူးတာမလို့ စူးစမ်းနေတာပါ ''

'' မြို့ကြီးသားတို့ရန်ကုန်မြို့ကြီးမှာ
ဒါမျိုးရူခင်းတွေမရှိဘူးလားဗျ ''

'' ဟင့်အင်း မရှိဘူး ရူခင်းလေးတွေကလှတယ်နော် ဓာတ်ပုံလေးရိုက်ပြီး facebookပေါ်တင်လိုက်ရင် တော်တော်မိုက်မှာဗျ ''

'' ဟာ မြို့ကြီးသားရာ
မြို့ကြီးသားကိုရိုးတယ်ထင်နေတာ
ဘယ့်နှယ် အဖေ့စဖုတ် ပေါ်တင်ရမတုန်း
နောက် အဖေက ယောကျာ်းကြီးလေ
ဘယ်လိုလုပ် မိန်းကလေးအင်္ဂါရှိမတုန်း ''

'' ကိုသာဒင် ခဗျားဘာတွေပြောနေတာလဲ
ကျွန်တော်ပြောတာ ဖုန်းပေါ်ကိုပြောတာ
ဖုန်း.. ဖုန်း ဒီမှာမြင်လား ''

မိုးကောင်ကင် ဘောင်းဘီအိတ်ထဲကနေ
6လက်မလောက်ရှိသည့် လက်ကိုင်ဖုန်းကို
ထုတ်ပြလေသည်။

'' မြို့ကြီးသားကတော့ ပေါက်ကရပြောပြီ
ဖုန်းဆိုမှတော့ ကြိုးပါရမှာပေါ့
ကျုပ်လဲအဲ့လောက်တော့မတုံးပါဘူးဗျာ''

'' ခဗျားပြောနေတာက ကြိုးဖုန်း
ကျွန်တော့်ဟာက လက်ကိုင်ဖုန်း
ဒီမှာကြည့် ပြမယ် ''

'' ဒါဖြင့် ဖေ့စဖုတ် ဆိုတာကြီးကရော
ဘယ်မတုန်းဗျ ဖေ့စဖုတ်ကြီးကို ကျုပ်ကြည့်ချင်လို့ ''

'' တိုးတိုးပြောပါဗျာ သူများကြားရင်
တစ်မျိုးတွေထင်ကုန်ဦးမယ် ဖေ့စဖုတ်
မဟုတ်ရပါဘူး ဖေ့စ်ဘုတ် ပါ ''

'' အဲ့တာ '' ''

'' နေပါဦး ကြာဖြူမှာလဲ ဖုန်းရှိသားပဲ
သူကခဗျားကိုမပြဘူးလား ''

'' သူနဲ့ကျုပ်ကို အတော်ချစ်တယ်
ထင်နေတာလား မြို့ကြီးသားက ''

'' အို...မောင်နှမတွေပဲလေ မတည့်ကြဘူးလား
ခဗျားတို့က ''

'' ကဲ ထားပါတော့ ရှေ့မှာ ကိုသာဗျောရဲ့
ထန်းတောကိုရောက်ပြီဗျ ''

'' ဝေ့! ကိုသာဗျောရေ ''

'' ဟာ ဟေ့ကောင် သာဒင် လာလေကွ
ငါထန်းပင်တက်နေတာကွ ''

သူကြီးသားနဲ့သူ၏ချစ်သော/သူကြီးသားနဲ့ သူ၏ချစ်သော Where stories live. Discover now