အပိုင်း၅ (မြို့ကြီးသား ထန်းတောရောက်ပြီ)

146 2 0
                                    

'' မောင်သူငယ်လေး စားလေကွဲ့
ဒါလေးကငါးပိရည်တို့စရာ ဒါလေးက
တောကြက်စစ်စစ်ကွဲ့ မောင်သူငယ်လေးတို့
ရန်ကုန်မြို့ကြီးမှာ စားတောင်စားဘူးပါ့မလားကွယ် အဝသာစား ''

ပြောလဲပြော ဟင်းတွေလဲ တချွတ်''ထည့်''
ပေးနေတဲ့ မိခင်ဖြစ်သူကိုကြည့်ပြီး
သာဒင် သူရှိတာတောင် ဒီအိမ်ကလူတွေသိသေးရဲ့လားဆိုပြီးတွေးလိုက်မိသေးပြန်တယ်
ဧည့်သည်ဆိုသည့် ဖြူစုတ်စုတ် မြို့ကြီးသား
ကလဲ ဘယ်ဘဝထဲကငတ်လာသည်မသိ
အမေထည့်ပေးသမျှကို ဝင်အောင်ကို
ထိုးထည့်သွင်းပြီး အမှန်အကန်ကိုစားနေလေသည် အမြင်ကပ်လာသည်မို့ သာဒင်
ညစ်ပတ်ပတ် အကြံတစ်ခုရသွားလေသည်

'' စားသာစား မြို့ကြီးသားရေ
ငါးပိရည်က တယ်လက်ဆက်သဗျ
ညနေကမှ လောက်ကောင်တွေအပီအပြင်နဲ့ကို
မေကြီးက ကြိုထားတာ ''

'' ဝေါ့! အဟွတ်...အဟွတ်! ''

'' ဟတ်သာဒင်! နင်ဘယ်လိုပြောလိုက်တာလဲ
ကောင်းကင်...ရရဲ့လား ''

'' သားကတော့လေ! မောင်သူငယ်လေး ရေသောက်လိုက်...ရော့'' ''

'' မေကြီးကလဲဗျာ မြို့ကြီးသား
စားကောင်းအောင် လက်ဆက်တဲ့အကြောင်းပြောပြတာပါဗျ ''

'' တယ်! ဒီကောင်လေးကတော့လေ
နင့်အဖေသာရှိရင် နင်ခေါင်းပေါက်နေပြီ ''

'' ရ...ရပါတယ် ကြီးတော် ကျွန်တော်အဆင်
ပြေပါတယ် ''

'' မောင်သူငယ်လေး ဘာမှမဖြစ်ပါဘူးကွဲ့
ငါးပိနဲ့လောက် ရွှေနဲ့ကျောက်တဲ့ကွဲ့ ''

'' အဟွတ်! ဟုတ်ကဲ့ ''

'' မေကြီးရယ် ကောင်းကင်ကိုအားနာလိုက်တာနော် မေကြီးသားကတော့နော် ထုသတ်ချင်လိုက်တာ ''

'' ဟဲ့သမီးလေး...မိန်းကလေးတစ်ယောက်ဖြစ်ပြီး ဘယ်လိုစကားတွေပြောနေတာတုန်း
ငါ့သမီးလေး မြို့ကြီးပြပြီး ရောက်သွားမှ ရိုင်းလာတယ်နော် ''

'' မေကြီးရယ် အဲ့လောက်ကြီးလဲမဟုတ်ရပါဘူး ''

ကြာဖြူသွယ်၏စကားကို သာဒင်က စကားစ
ဖြတ်ပြီး ယခုလိုပြောလိုက်သည်

'' အဲ့ထက်ဆိုးတာ ''

'' နင့်လိုများမှတ်နေလား အမူးသမား ''

သူကြီးသားနဲ့သူ၏ချစ်သော/သူကြီးသားနဲ့ သူ၏ချစ်သော Where stories live. Discover now