" ဂျယ်ယွန်းဟျောင်းရာ မြန်မြန်လာပါ ကျွန်တော် ကျောင်းနောက်ကျတော့မယ်။ "
" အေးပါ အေးပါ လာပါပြီ ဆောနူရာ နားကိုညီးနေတာပဲ။ "
Suitအပြည့်ကို လက်ထဲမှာFileတွေ မနိုင့်တနိုင်သယ် နက်ခ်တိုင်တောင် သေချာမချည်ရသေးပဲ အလောတကြီးပြေးဆင်းလာတဲ့ ဂျယ်ယွန်း။ လှေကားအောက်ဆုံးထစ်နားလဲ ရောက်ကော လက်ထဲက ဖိုင်တွေအကုန်လုံး မနိုင်တော့လို့ ပြုတ်ကျကုန်သည်။
" ဂျယ်ယွန်းဟျောင်းရာ မနက်ဆို ရှပ်ပြာ ရှပ်ပြာနဲ့ ဖြည်းဖြည်းချင်း ဆင်းလာပါဆို။ "
" ဟောဗျာ ခုဏက ကျွန်တော်မျိုးကို ကျောင်းနောက်ကျတော့မယ်ဆိုပြီး အော်နေတာ ဘယ်သူလဲ။ "
" ဟီး ဟီး ကျွန်တော်။ "
စပ်ဖြဲဖြဲနဲ့ရီပြရင်း သူ့ကို ဖိုင်တွေ ကူကောက်ပေးတဲ့ ဆောနူရယ်ပါ။
" လုပ်ချင်တာလုပ်ပြီးရင် အလှဆုံးပြံုးနေလိုက်။ "
" ထပ်ပြုံးရဦးမလား။ "
" တော်ပါပြီ ဂင်ဆောနူရေ ကျောင်းနောက်ကျမှ အပြစ်လာမတင်နဲ့။ "
ဖိုင်တွေကို အကုန်ကောက်ပြီး ကားဆီကိုပြေးသွားတဲ့ ဂျယ်ယွန်း။
ဆောနူနဲ့ ဂျယ်ယွန်း။ အရမ်း အရမ်းကို အချင်းချင်းချစ်ကြတဲ့ ၀မ်းကွဲညီအကိုတွေ။ ငယ်ငယ်လေးထဲက ဆောနူက ဂျယ်ယွန်းနားက လုံး၀မခွာဘူး။ ဂျယ်ယွန်း ဩဇီမှာ ကျောင်းသွားတတ်မယ်ဆိုတုန်းက သုံးလေးအိမ်ကြား ပြဲလန်ေအာင် အော်ဟစ်ငိုတဲ့ကလေး။ ပြန်လာဖို့ ကတိပေးတာတောင် သူပါလိုက်မယ်ဆိုပြီး တဂျီဂျီနဲ့ ငိုယိုတဲ့ကလေး။ သူ့အကိုကို လောကကြီးမှာ အချစ်ဆုံး။ အခုပဲကြည့် ဂျယ်ယွန်းပြန်ရောက်လာလို့ သူ့ဘာသာသူ တိုက်ခန်းခွဲနေတာတောင် ဆောနူတစ်ယောက် ရအောင်အိမ်ကထွက်လာပြီး ဂျယ်ယွန်းနဲ့လာနေတဲ့အထိ။ ဂင်ဆောနူ လောကကြီးမှာ အကြိုက်ဆုံးကဘာလဲဆိုရင် Mint Chocolateထက်တောင် သူ့အကိုကို ရွေးချယ်ပါလိမ့်မည်။
" ဟောဗျာ အစောကြီး ထရတယ်ဆိုတော့ ဆောနူ ထ ကျောင်းရောက်နေပြီ။ "
ကျောင်းကိုလိုက်ပို့တဲ့ တစ်လျှောက်လုံး ဆောနူအားရပါးရအိပ်လာတာ ကျောင်းရောက်နေတာကို ဂျယ်ယွန်းဟျောင်း လာနှိုးမှသိသည်။