2

75 12 0
                                    

တဖြည်းဖြည်း ပိုရင်းနှီးလာတာနဲ့အမျှသူနဲ့ ဆောင်ဟွန်းကြားက သံယောဇဉ်က တဖြည်းဖြည်းကြီးလာပြီ။ ရင်းနှီးလာတာနဲ့အမျှ ဆောနူကလဲ ဆောင်ဟွန်းကို အရမ်းသဘောကျနေမိပြီဆိုတာ သူ့ကိုယ်သူလဲ သိနေပြီ။ အကိုဆောင်ဟွန်းကကော??? သူ့အပေါ် ဘယ်လိုခံစားချက်မျိုးရှိနေမလဲ? သူ့ဘက်က တစ်ဖက်သတ်နဲ့ပဲ ပြီးဆုံးမှာတော့ မဟုတ်လောက်ပါဘူးနော်။

" အကိုဆောင်ဟွန်းနီး!!!! "

ကျောင်းရှေ့မှာ ရပ်ထားတဲ့ကားနားမှာ သူ့ကိုမြင်တာနဲ့ ဆောနူက သူ့နာမည်ကို သံရှည်စွဲခေါ်ပြီး သူ့ဆီအပြေးလာသည်။

" ဘာလို့ အဲ့လောက်တောင် ပြေးလာတာလဲ။ ချော်လဲဦးမယ်။ ကိုယ်ထွက်မပြေးပါဘူး။ ဆောနူကိုပဲ စောင့်နေတာကို... "

ဆောင်ဟွန်းရဲ့ စကားတစ်လုံးချင်းစီတိုင်းက ဆောနူရဲ့ ရင်ထဲမှာ လိပ်ပြာပေါင်း သောင်းခြောက်ထောင် ၀င်နေသလို တလှပ်လှပ်နဲ့ လုပ်နိုင်စွမ်းရှိသည်။

" ဟီးး အကို့ကို တွေ့ချင်လို့ မြန်မြန်ပြေးလာတာ...။ "

သူချွဲသလိုပြောတော့ အကိုက သူ့အကြိုက်ဆုံးအပြုအမူဖြစ်တဲ့ ဆောနူရဲ့ ခေါင်းလေးကိုပုတ်ပြီး ပြုံးပြသည်။

" ဒီနေ့ဘယ်သွားမှာလဲ။ ညနေတော့ စောစောပြန်ရမယ်။ မေမေက အိမ်ကို လာမှာ ဒီနေ့ ဂျိတ်ကီဟျောင်းကိုတော့ လှည့်လို့ရပေမဲ့ မေမေ့ကိုတော့ မရဘူး။ ဂျောင်၀န်းကို ဖုန်းဆက်မေးမှာ..။ "

" ဟုတ်လား။ အာ့ဆို ဟန်မြစ်ပဲသွားကြတာပေါ့။ နေ၀င်ချိန်ကို သေချာမြင်ရမယ့် နေရာကောင်းလေး တွေ့ထားတယ်။ "

ဆောနူလဲ ခေါင်းငြိမ့်ပြလိုက်ပြီး အကိုဆောင်ဟွန်းခေါ်တဲ့ နေရာနောက်ကိုသာ ပတ်၀န်းကျင်ကို ငေးရင်း လိုက်လာခဲ့တော့သည်။

ဟန်မြစ်ကိုလဲရောက်ကော နေ၀င်ချိန်သေချာမြင်ရတဲ့ ခုံတန်းမှာ ၀င်ထိုင်လိုက်သည်။

" အကိုပြောတာမှန်သားပဲ။ ဒီက သေသေချာချာမြင်ရတာပဲ...။ "

တိမ်တောက်တဲ့အချိန် ဖြစ်လို့လားတော့မသိ။ ဆောနူမျက်နှာပေါ်ကိုကျနေတဲ့ လိ‌ေ‌မ္မာ်ရောင်သန်း‌ေန‌ေသာ နေရောင်ခြည်ကြောင့် ဆောင်ဟွန်း ဆောနူမျက်နှာကို သေသေချာချာကြည့်နေမိသည်။ အရင်ရက်တွေကထက် ဒီနေ့ကျမှ သူ့မျက်နှာလေးက ပိုတောက်ပနေသလို။

Love & Lies ✅Where stories live. Discover now