" ငါ့သားလေးက ဘယ်လိုဖြစ်လို့ အခုလိုဖြစ်သွားရတာလဲ။ ဘာလို့ ဆေးရုံတတ်လိုက်ရတာလဲ။ ဘယ်လိုဖြစ်လို့ မူးလဲသွားတာလဲ။ "
ဆေးရုံအခန်း၀မှာ ဆောနူသတိလစ်လို့ ဆေးရုံတင်လိုက်ရတယ်ဆိုတာကို ကြားကြားချင်း ဆေးရုံကိုအပြေးလိုက်လာတဲ့ ဆောနူမေမေ။
" သူသိသွားပြီ တီလေး။ ကျွန်တော်နဲ့ ဆောင်ဟွန်းရဲ့ အကြောင်းတွေကို... "
ဂျယ်ယွန်းဆီက ကြားကြားချင် ဆောနူမေမေ မျက်ရည်တွေနဲ့ ကြမ်းပြင်မှာ ထိုင်ချလိုက်မိတော့သည်။ တစ်ချိန်တော့ သိလာလိမ့်မယ်ဆိုတာ သူမသိပေမဲ့ ဒီလောက်ထိမြန်ဆန်မယ်လို့မထင်ထား။ ဆောနူကို ဂျယ်ယွန်း ဆောင်ဟွန်းတို့ရှေ့မှာ အကြောင်းစုံကို တစ်ရက်ပြောပြမယ်ဆိုပြီး စိတ်ကိုပြင်ဆင်ထားကြပေမဲ့ သူတို့မပြောခင် ဆောနူက အရင်သိသွားခဲ့ပြီ။
" အခုအကုန်ပြီးဆုံးပြီပဲ... "
ဆောင်ဟွန်း ဆေးရုံခန်းထဲမှာ သတိလစ်နေတဲ့အရှိန်နဲ့ ပြန်မနိုးလာသေးတဲ့ ေဆာနူရဲ့ မျက်နှာလေးကို ကုတင်ဘေးမှာထိုင်ရင်း ကြည့်နေမိသည်။ ဘယ်လောက်တောင်ပင်ပန်းနေမလဲ။ မျက်နှာလေးက ဖြူဖပ်ဖြူရောဖြစ်နေတာ အခုထိ သွေးရောင်မလွှမ်းသေး။ ဆရာ၀န်ကတော့ ရှော့ခ်ရတာ တအားကြီးသွားတာရယ် နဂိုထဲက အားနည်းနေတာရယ်ပေါင်းပြီး သတိလစ်သွားတာလို့ပြောပေမဲ့ ဆောင်ဟွန်း တော်တော်လေးကို စိတ်ပူနေပြီ။ ဆောနူ ရှေ့တစ်ပတ်ကတင် ဖျားထားတာ အခုထိ အားနည်းနေတုန်းထင်သည်။
မျက်စိက ဒဏ်ရာတွေကြောင့် ပတ်တီးစည်းထားရတဲ့ ဆောနူရဲ့ ခြေဖဝါးနုနုလေးဆီကို အကြည့်ရောက်သွားတော့ သူမျက်ရည်ကျလာခဲ့သည်။
ဘယ်လောက်တောင် နာကျင်နေမလဲ။ ခြေထောက်လှလှလေးမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့.... ဆောင်ဟွန်း ဆောနူရဲ့ ခြေဖဝါးလေးကို အသာလေးကိုင်ရင်း ငိုကြွေးနေမိသည်။ အကုန်လုံး သူ့အပြစ်တွေပါ။ အစကတည်းက မလိမ်ခဲ့သင့်တာ။ အမှန်တိုင်းပြောပြခဲ့ရင် ဆောနူဒီလောက်ထိ ဖြစ်မှာမဟုတ်။
ဆောနူရဲ့ခြေထောက်လေးကို ကိုင်ပြီး ငိုနေတုန်း လက်တစ်ဖက်က သူ့ပခုံးကို ဆွဲလှည့်လိုက်ပြီး ပါးပေါ်ကိုကျလာတဲ့ ခပ်ပြင်းပြင်း လက်ဝါးတစ်ချက်။