" ဆောနူ အကုန်ပြင်ဆင်ပြီးပြီလား။ ဧည့်သည်ကလာတော့မယ်။ "
" ပြီးပါပြီဗျာ။ မေမေက ကျွန်တော့်ထက်တောင် လောနေပါလား။ "
" လောရမှာပေါ့။ ငါ့သားချစ်ရတဲ့သူက အိမ်ကို လာမှာပဲ။ ပြီးတော့ ငါတို့ဆောနူလေးက ပထမဆုံး ချစ်သူကို အိမ်ခေါ်လာတာဆိုတော့ ပိုပြီး စိတ်လှုပ်ရှားတယ်။ "
" ပြောမနေနဲ့ ဆောနူရေးး တီလေးက ညနေကတည်းက ချက်ထားတာ အကုန်စပယ်ရှယ်။ တစ်ပတ်စာ ရေခဲသေတ္တာထဲထည့်ထားတာတွေ အကုန်ပြောင်ပြီ။ "
ဆောနူမေမေဘယ်လောက်တောင် စိတ်လှုပ်ရှားနေလဲဆို ဂျယ်ယွန်းကတောင် ၀င်ပြောရတဲ့အထိ။
" ပထမဆုံးဆိုတော့ စိတ်လှုပ်ရှားလွန်းလို့ပါ ဂျယ်ယွန်းရယ်။ မင်းလဲ တစ်ချိန်ငါ့နေရာရောက်ရင် သိလိမ့်မယ်။ "
" တော်ပါပြီ တီလေးကို ကြည့်ပြီး ကျွန်တော် လူပျိုကြီးပဲ လုပ်တော့မယ်။ ဆောနူလိုကလေးဆို ကျွန်တော်မထိန်းနိုင်ဘူး။ "
" ဟျောင်း!!!! ကျွန်တော်အဲ့လောက် မဆိုးပါဘူးနော်။ "
ဆောနူရဲ့ ဆူပုတ်ပြီးငြင်းဆန်နေတဲ့ပုံကြောင့် ဂျယ်ယွန်းနဲ့ ဆောနူမေမေ အားရပါးရရယ်လိုက်မိသည်။
" ဟော ဧည့်သည်လာပြီ။ ဆောနူသွားကြိုလိုက်ပါဦး။ "
ခြံတံခါး၀က ဟွန်းတီးသံကြားလို့ ဆောနူ အိမ်ထဲက အပြေးလေးထွက်လာသည်။ အဲ့ဒါကိုကြည့်နေတဲ့ ဆောနူမေမေက...
" ဆောနူဖေဖေသာ ဒီအချိန်မှာရှိရင် ဘယ်လောက်တောင် အားဖြစ်လိုက်မလဲ။ သူ့သားလေး အရွယ်ရောက်လာတာကို ကြည့်ပြီး... "
" ဦလေးလဲ ကြည့်ပြီး ဂုဏ်ယူနေမှာပါ။ အရေးကြီးတာ ဆောနူပျော်ဖို့ပဲမလား။ "
ဂျယ်ယွန်းရဲ့စကားကို ဆောနူမေမေလဲ ထောက်ခံလိုက်ပြီး ဧည့်သည်ကို ကြိုဖို့ပဲ အာရုံနစ်လိုက်ကြတော့သည်။
" အကို!!! "
ဆောင်ဟွန်းကားပေါ်ကဆင်းလာတာနဲ့ တစ်ပြိုင်နက် ဆောနူက ဆောင်ဟွန်းရဲ့ ရင်ခွင်ထဲကို တိုး၀င်လိုက်သည်။
" အပြင်မှာ ကိုယ့်ကိုစောင့်နေတာလား။ အေးကအေးရတဲ့ကြားထဲ အအေးပတ်ရင် ဘယ်လိုလုပ်မလဲ။ ပြပါဦး မျက်နှာလေး နှာခေါင်းလေးတောင် နီနေသလိုပဲ။ "